Extra_1

517 47 69
                                    

" လုပ်ပါ အကိုကလဲကျွန်တော်တို့အတူတူမသောက်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ "

" နော်..အကိုနော်..သွားသောက်ကြမယ်လေ "

သူတို့တာဝန်ယူထားတဲ့ ပရောဂျက်ကအောင်အောင်မြင်မြင်ပြီးသွားတာမလို့ ကုမ္ပဏီကညစာစားပွဲစီစဥ်ပေးပေမဲ့ ဂန်ထယ်ဟွန်းနဲ့ချွဲဘောမ်ဂယူက သူနဲ့သောက်ဖို့ဘဲပြောနေတာ

" ငါလဲ မင်းတို့နဲ့အတူတူသောက်ချင်ပါတယ်..ဒါပေမဲ့ "

" ဒါပေမဲ့ဘာဖြစ်လဲ "

" ဆူဘင်းကမသွားခိုင်းရင်ရော "

" ဘယ်တုန်းကဒီလောက်ကြောက်တတ်သွားတာလဲ "

အကိုကမျက်စောင်းထိုးကာ ပါးစပ်ကလဲပွစိပွစိတွေလုပ်နေသည်...ပစ္စည်းနဲ့ကောက်မပေါက်သေးတာမလို့အခြေအနေကမဆိုးတော့မဆိုး ၊

" အိမ်မှာဘဲသောက်ကြမလား "

ဘောမ်ဂယူ့စကားမှာ ယောန်ဂျွန်းမျက်လုံးလေးတွေအရောင်လက်သွားသည် ၊ ဆူဘင်းက ညဘက်အပြင်သွားမှာကိုခွင့်ပြုမှာဆိုပေမဲ့ သူမပါဘဲသောက်လာမှာကိုတော့ ခွင့်မပြုဘူးဆိုတာ ယောန်ဂျွန်းသေချာပေါက်သိသည် ၊ သူ့ကိုသဝန်တိုပေမဲ့ အဲ့ကလေးကအများကြီးနားလည်ပြီးလွတ်လပ်ခွင့်တွေပေးထားတာမလို့ အဲ့အပေါ်မှာထပ်ပြီးသူကလဲအခွင့်ရေးမယူချင်ပါ...သူပြောလို့သွားခိုင်းရင်တောင် ဆူဘင်းသဘောမကျဘူးဆိုတာသိတာမလို့မလုပ်ချင်..

" ဘောမ်ဂယူပြောသလိုအိမ်မှာဘဲသောက်ကြရအောင်...အဲ့တာကပိုပြီးအဆင်ပြေတယ်မလား ငါတို့မူးသွားရင်တောင်အိမ်မှာဘဲမလို့ အန္တရာယ်လဲမရှိတော့ဘူး "

" အဲ့တာဆိုဘယ်သူ့အိမ်မှာသောက်မှာလဲ "

" ငါ့အိမ်မှာသောက်ရအောင် ရုံးဆင်းရင်တစ်ခါတည်းလိုက်ခဲ့မလား "

" တစ်ခါတည်းတော့မလိုက်ခဲ့တော့ပါဘူး...အိမ်အရင်ပြန်ပြီးမှအကို့ဆီလာမယ် "

ဝယ်စရာတချို့ရှိတာမလို့ ဆူဘင်းကိုလာမကြိုဖို့ပြောပြီး အိမ်ကိုပြန်နှင့်လိုက်သည် ၊ ဘောမ်ဂယူကသိပ်မသောက်နိုင်ဘူးဆိုပေမဲ့ ယောန်ဂျွန်းနဲ့ထယ်ဟွန်းကတော့ ကြွက်တွင်းမလို့ အိမ်မှာရှိနေပေမဲ့လဲ ထပ်ပြီးဝယ်ရမည်...ဆူဘင်းပါရင် များတယ်ဆိုပြီးတားနေမှာကိုသိတာကြောင့် တမင်တစ်ယောက်တည်းလာတာ ၊ အမြည်းအတွက်လိုအပ်တာတချိုနဲ့ ဘီယာကိုတော့များများဝယ်လာလိုက်သည်

𝗧𝗵𝗲 𝗦𝘁𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 ( Complete ) Donde viven las historias. Descúbrelo ahora