Episode Eight

308 56 5
                                    

ချွဲဂိုယူသည် 'လူသတ်သမား'ဆိုသောစကားကြောင့်
အတိတ်ကဖြစ်ရပ်များပြန်လည်မြင်ယောင်လာကာ ခေါင်းကိုအခါခါယမ်းလျက် အရူးတစ်ယောက်လိုအငြင်းစကားတို့ဆိုမိသည်။

"မဟုတ်ဘူး။ ငါမသတ်ဘူး။ ငါကဘာလို့သတ်မှာလဲ။ငါသူ့ကိုအရမ်းချစ်တာ။ "

"ခင်ဗျားသတ်တာလေ အရူးမရဲ့။
ချွဲဂိုယူ မင်းကအရူးပဲ။စိတ်ပျက်စရာကောင်းတဲ့အရူးမ။ငါနဲ့လာမရှုပ်နဲ့ "

ဟိုဆော့သည်ချွဲဂိုယူ၏နက်ခ်တိုင်ကိုကိုင်ထားရာမှ
ဆောင့်တွန်းလွှတ်လိုက်ကာ ခေါင်မိုးထပ်လှေကားမှ‌ဆင်းလာလိုက်သည်။

ချွဲဂိုယူမှာတော့ အတိတ်ကသူမ၏ရူးမိုက်ခဲ့သောဖြစ်ရပ်များနှင့် သူမကိုနူးနူးညံ့ညံ့ကြည့်တတ်သော
မျက်ဝန်းစိမ်းများကိုပြန်မြင်ယောင်လာတဲ့အခါ မျက်ရည်တို့သည်အတားအဆီးမရှိ အထိန်းအကွတ်မဲ့စွာ ကျဆင်းလာကြတော့သည်။

ချွဲဂိုယူကကင်မ်ထယ်ဟွမ်ကိုချစ်တယ်ဆိုတာကအမှန်တရားဖြစ်သလို သတ်ခဲ့တယ်ဆိုတာကလည်းအမှန်တရားပင်။သူမအသိစိတ်ပျောက်စွာရူးမိုက်ခဲ့တဲ့အတိတ်တွေမှာ နစ်နာသူဟာချစ်ရသူဖြစ်သလို
ဆုံးရှုံးရသူကသူမပင်။

မျက်ဝန်းစိမ်းတို့ရဲ့နူးညံ့နွေးထွေးလွန်းတဲ့အကြည့်တွေကိုမလွန်ဆန်နိုင်ခဲ့တဲ့သူမအဖို့ နှလုံးသားကအချစ်ကဖြစ်ပေါ်လာစေသည်။သူမအဖေအား ထယ်ဟွမ်ကိုသဘောကျကြောင်းပြောခဲ့ပေမယ့် စကားတွေကျွံထားပြီးပြီမို့မဖြစ်နိုင်ကြောင်းသာအဖြေပြန်ရခဲ့သည်။ချစ်ရသူကိုမပိုင်ဆိုင်ရတာမို့ ရသလိုယူဖို့ဆုံးဖြတ်ခဲ့ပြီး သူမတိုက်ခန်းသို့ရောက်လာချိန်ဖွင့်ပြောခဲ့မိသည်။

သူမကိုနူးနူးညံ့ညံ့ကြည့်တတ်တဲ့မျက်ဝန်းစိမ်းများသည် သူမဖွင့်ပြောလိုက်ချိန်မှစ၍ စက်ဆုပ်ရွံရှာဖွယ်မုန်းတီးဖွယ်စိမ်းစိမ်းဝါးဝါးအကြည့်များအဖြင့်သို့ပြောင်းလဲသွားကာ သူမကိုခါးခါးသီးသီးဖြစ်သွားခဲ့သည်။ထယ်ယောင်းရောက်လာချိန်တွင် ချစ်ရသူသဝန်လေးများတိုမလားဆိုသောအတ္တဖြင့် ချွဲဂိုယူမပီသစွာ အရှက်တို့ကင်းမဲ့လျက် ရွံစရာကောင်းသောအရာတို့ကိုပြုမိပြောမိခဲ့သည်။တောင်းပန်ချင်သော်ငြား သူမကိုအတွေ့ပင်မခံတော့သောသူသည် သူမရင်ကိုအစိတ်စိတ်အမွှာမွှာကွဲကြေစေပါသည်။

My Apprentice LadWhere stories live. Discover now