Episode Sixteen

314 52 12
                                    

ညနေဘက် ဟိုဆော့အိမ်သို့ရောက်လာတဲ့အခါ
ထယ်ယောင်းစိတ်ထဲကရင်းနှီးနေသလိုလိုခံစားလိုက်ရတာကြောင့် မေးရန်ပြင်ပြီးကြည့်လိုက်စဉ် ငိုတော့မယ့်မျက်နှာနှင့်ဟိုဆော့ကိုတွေ့လိုက်ရတာမို့ နဖူးကိုဖိကပ်နမ်းရင်း လက်ကိုသေချာလေးဆုပ်ကိုင်ထားလိုက်မိသည်။

'ဘယ်လိုအခြေအနေတွေပဲလာလာ..ဟိုဆော့ရှေ့မှာရပ်တည်ပေးရမှာပဲ'

"အစ်ကိုလေးဟိုဆော့"

"ဒယ်ဒီရော"

အိမ်တော်ထိန်းကဟိုဆော့လက်ကိုကိုင်ထားသောထယ်ယောင်းကိုကြည့်ကာ အရိုအသေပေး၍နှုတ်ဆက်လာသည်။ထယ်ယောင်းကခေါင်းညိတ်ကာအသိအမှတ်ပြုပြီး အနည်းငယ်ပြုံးပြလိုက်ရသည်။

"ဥက္ကဌက တတိယထပ်ကအ‌ခန်းထဲမှာပါ"

ဟိုဆော့အလုပ်စဝင်ချိန်ကတည်းက ဟိုဆော့ကိုဘယ်နည်းနဲ့မှသာမန်မိသားစုကမဖြစ်နိုင်ကြောင်းရိပ်မိတာမို့ အခုအခြေအနေများကိုထယ်ယောင်းများစွာမအံ့ဩသွားပေ။
ဟိုဆော့ဦးဆောင်ရာ တတိယထပ်ကိုတက်လာလိုက်သည့်နောက်

"ဒယ်ဒီကကိုကိုနဲ့သိတာမို့ အကောင်းဆုံးကြိုးစားပေးပါနော် ကျွန်တော်မိန်းမ,မလိုချင်ဘူး"

"အင်း ကိုကို့ကိုယုံလိုက်"

ဟိုဆော့ကခေါင်းတဆတ်ဆတ်ညိတ်ပြကာ တံခါးလက်ကိုင်ကိုလှည့်၍ဖွင့်လိုက်သည်။ဟိုဆော့နှင့်လက်ချင်းတွဲယှက်၍ အခန်းထဲကိုဝင်လာသည့်အချိန် မြင်လိုက်ရသောသူကြောင့် ထယ်ယောင်းမှာမျက်လုံးပင်ပြူးသွားရသည်။

"အန်ကယ်"

ဥက္ကဌဂျောင်လက်ဖက်ရည်သောက်နေစဉ်အတွင်း တံခါးဖွင့်သံကြားတာကြောင့် သားဝင်လာမှန်းရိပ်မိလိုက်ပေမယ့် သူ့ကိုခေါ်လာသောအသံနှင့်မြင်လိုက်ရသောသူကြောင့် လက်ဖက်ရည်မသီးအောင်ပင်မနည်းဂရုစိုက်လိုက်ရသည်။

ကင်မ်ထယ်ယောင်းပင်။ ထယ်ယောင်းကသူ့သားရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ကိုဆုပ်ကိုင်ထားသေးသည်။ဒါဖြင့် သူ့သားရဲ့ကောင်လေးဆိုတာက.......။

"ထယ်ယောင်း မင်းကဘယ်လို"

"လူကြီးမင်းကကျွန်တော့်ကောင်လေးပါဒယ်ဒီ"

My Apprentice LadWhere stories live. Discover now