Episode Nine

317 61 16
                                    

ဟိုဆော့ အလုပ်မှသူ့ပစ္စည်းတွေသိမ်းကာအိမ်သို့ပြန်လာလိုက်သည်။သူ့အနေနှင့်လည်း အလုပ်ထွက်ရန်သင့်တော်လှပြီဟုထင်ပါသည်။ထယ်ယောင်းအပေါ်ထားသောသူ့သဘောထားကို ပိုင်ရှင်ကသိသွားတဲ့အခါသူ့မှာဘာမှမစွမ်းသာတော့ပေ။ဂျောင်ဟိုဆော့ကအပိုအမှိုက်သပ်သပ်သာဖြစ်လိမ့်မည်။

ချွဲဂိုယူနှင့်ထယ်ယောင်း၏ဆက်နွယ်ခဲ့သောအတိတ်များသည် သိသိရချင်းတွင်သူ့ကိုတုန်လှုပ်စေခဲ့သည်။
အနှီးမိန်းမယုတ်အားလည်းပိုကာမုန်းတီးလာခဲ့မိသည်။သို့သော်လည်းသူ့အဖြစ်ကပိုဆိုးနေသည်။သူကယောက်ျားလေးမလား။သူ့အနေနှင့် ယောက်ျားမိန်းမကအရေးမကြီးသော်လည်း ထယ်ယောင်းလိုရှေးလူကြီးကတော့ ဘယ်လိုလက်ခံနိုင်ပါ့မလဲ။
ထယ်ယောင်းကိုအပြစ်မတင်နိုင်ဘဲ သေချာမစောင့်ထိန်းနိုင်ခဲ့သည့် ကိုယ့်ကိုယ်ကိုသာအပြစ်တင်မိသည်။ပြန်စွာချင်စိတ်လည်းမရှိတော့ပေ။သူပင်ပန်းနေပြီ။အနားယူလိုက်ရင်အဆင်ပြေသွားမှာ။

အိမ်ထဲဝင်လာတဲ့အချိန် အမေဖြစ်သူ၏ခေါ်သံကြားမိသော်လည်း လူကနွမ်းနယ်နေတာမလို့ ဘာမှမတုန့်ပြန်ဘဲအပေါ်ထပ်ကိုသာဖြည်းညှင်းစွာတက်လာမိ၏။စားပွဲပေါ်သို့ အလုပ်ဖိုင်များအားချလိုက်ကာ ဖုန်းကိုထုတ်၍ ‌Contantတစ်ခုကိုအတော်ကြာသည်အထိ စိုက်ကြည့်နေမိသည်။

'ကိုကို🤎'ဆိုသောနာမည်ကိုကြည့်၍
ဟိုဆော့နှုတ်ခမ်းတွန့်ရုံပြုံးကာ ခပ်ဟဟရယ်မိသည်။ဟန်မြစ်ကိုနောက်ခံထားကာ သူရိုက်ပေးထားတဲ့ဓာတ်ပုံတစ်ပုံကိုခပ်ဖွဖွထိမိရင်းwallpaperပုံကိုနေဝင်ချိန်ပုံတစ်ပုံသို့ပြောင်းလိုက်ရသည်။ခံစားမိလိုက်သော ပူနွေးနွေးရေနွေးစီးကြောင်းတစ်ခုကိုလွတ်လပ်စွာစီးဆင်းခွင့်ပေးထားလိုက်ရင်း အလွတ်ရနေတဲ့နံပါတ်နဲ့မှတ်ထားသောcontactတစ်ခုကိုနှုတ်ဆက်ကာဖျက်သိမ်းလိုက်မိသည်။သူ့မှာဆက်သွယ်ခွင့်မှမရှိတော့ဘဲ။လွမ်းခွင့်တော့ရှိပါသေးရဲ့။
Galleryထဲမှအယ်လ်ဘမ်တစ်ခုကိုHideလုပ်လိုက်ကာ ဖုန်းကိုဖိုင်တွေစုထည့်ထားသောပုံးထဲသို့ပစ်ထည့်ထားလိုက်ရင်း သဘတ်ကိုဆွဲယူ၍ ရေချိုးခန်းထဲဝင်သွားလိုက်မိသည်။

My Apprentice LadWhere stories live. Discover now