Episode Fourteen

356 58 8
                                    

ဟာမွန်ယော့ ပန်းခြံထဲကခုံတစ်ခုံပေါ်တွင်ထိုင်ပြီး ဆော့နေတဲ့ကလေးတွေနဲ့ ပိတ်ရက်မို့မိသားစုလိုက်ပျော်ရွှင်နေတဲ့သူတွေ အမှတ်တရတွေဖန်တီးမည့် ချစ်သူစုံတွဲများ အသီးသီးရှိနေကြတဲ့လူများကိုကြည့်ရင်း သူလည်းသက်ဆိုင်သူလေးအားထိုင်စောင့်နေရသည်။သူတို့အတွက်ပထမဆုံးပြန်လည်‌ေတွ့ဆံုမှုလေးကို အလှပဆုံးဖြစ်ချင်တာမို့ ရိုမန့်တစ်ဆန်ဆန်ပန်းရောင်ရှပ်လက်ရှည်နှင့်အဖြူရောင်စတိုင်ပန့်ကိုဝတ်ဆင်ထားကာ မွန်ယော့ကိုရှိရင်းစွဲထက်ပိုကာနုပျိုစေပြီး ဆယ်ကျော်သက်လေးတစ်ယောက်လိုလန်းဆန်းစေသည်။

"မိုင်အို"

မွန်ယော့ကျောရိုးတစ်လျှောက်စိမ့််ခနဲပြေးသွားသောအေးစိမ့်မှုကိုခံစားလိုက်ရပြီး ပိုင်ရှင်သိသောနှလုံးသားကအချက်ပြလာသည်။နှာသီးဝကလည်း သူမြတ်နိုးရသော မက်မွန်နံ့သင်းသင်းကိုရလိုက်တာမို့ မျက်ရည်တို့ဝဲတက်လာရသည်။

"Hyungကိုလှည့်မကြည့်တော့ဘူးလားမိုင်"

Hyungဟူသောနာမကိုကြားတာနှင့် မွန်ယော့ဖြည်မဆည်နိုင်သည့်မျက်ရည်များမှာဒုနဲ့ဒေး။မွန်ယော့ဘာကိုမှမတွေးနိုင်တော့ဘဲ ခေါင်းကိုငုံ့ချကာ ငိုကြွေးလိုက်မိသည်။မွန်ယော့ငိုတာနှင့် နောက်ပါးဆီတွင်ရပ်နေသူမှာဘေးကိုရောက်လာပြီးမွန်ယော့ကိုရင်ခွင်တွင်းဆွဲထည့်ကာ တင်းကျပ်သည်ထိဖက်ထားရင်း တဖွဖွချော့မော့လာသည်။

"မငိုပါနဲ့မိုင်လေးရယ် Hyungမင်းကိုအကြာကြီးပစ်ထားမိသွားတယ်။တောင်းပန်ပါတယ်။ မင်းမျက်ရည်တွေကိုမြင်ချင်လို့ပြန်ထလာတာမှမဟုတ်ဘဲကွာ"

"ဟင့်..Hyung"

"အင်း ကိုယ်ရှိတယ်မိုင်လေး။ ကိုယ်ပြန်လာပြီ။ ကိုယ်မင်းနဲ့နေဖို့ပြန်လာပြီ‌‌ေလ"

လွန်ခဲ့သောရက်ပိုင်းများကထယ်ယောင်းနှင့်ဟိုဆော့သူအခန်းထဲကပြန်ထွက်သွားပြီးနောက်တွင် သူ့ဆီကိုနိုင်ငံခြားဖုန်းကောလ်တစ်ခုဝင်လာခဲ့သည်။ဘယ်ကဆိုတာမွန်ယော့သိတာမို့ ချက်ချင်းပင်ကိုင်လိုက်ရာ လူနာသတိရလာပြီဆိုသောစကားတစ်ခွန်းကြောင့် ဟန်မဆောင်နိုင်ငိုကြွေးမိသေးသည်။

My Apprentice LadKde žijí příběhy. Začni objevovat