《 Chapter 40 》

1.9K 379 4
                                    

{Unicode}

အခန်း (၄၀) - နောက်တယောက်ပေးပါ

ရှန်မုအန်း နောက်ကြည့်မှန်ကို လှမ်းကြည့်လိုက်တော့ ချူစစ်ယွမ်က ချူယီ့ကို စူးစူးရဲရဲစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ သို့ပေမဲ့ ရှန်မုအန်း တဖက်ပြန်လှည့်ပြီး ချူစစ်ယွမ်ကို ပြန်ကြည့်လိုက်ချိန်မှာတော့ ကလေးရဲ့မျက်နှာထားက စောနကနဲ့ လုံးဝမတူတော့ဘဲ သူ့အား ပြုံးသာပြုံးပြနေတယ်။

ရှန်မုအန်း နေရာမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ယွေ့ယွေ့ကို တဖန်ပြန်ကြည့်လိုက်တော့ သူ့စိတ်က ဗလာအတိ ဖြစ်နေသလိုမျိုး ကြောင်တောင်တောင်လေး ပြန်ကြည့်နေလေတယ်။

"ဘာဖြစ်လို့လဲ?" ရှန်မုအန်း အနောက်ကို ဆက်တိုက်လှည့်ကြည့်နေတာကို ချူယီမြင်လိုက်ရတော့ တခုခုမှားနေပြီလို့ သူထင်လိုက်မိတယ်။

"ဘာမှမဟုတ်ပါဘူး" ရှန်မုအန်း အရှေ့ကိုပြန်လှည့်လိုက်ပေမဲ့ နောက်ကြည့်မှန်ကို တဖန်ပြန်ကြည့်လိုက်ပြန်တယ်။ သူ့ဦးလေးကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့ ချူစစ်ယွမ်ရဲ့မျက်နှာထားကို သူမြင်လိုက်ရတယ်၊ သူ့ဦးလေးကို မိနစ်ပိုင်းအတွင်း ထတိုက်ခိုက်ပြီးတော့ အပြစ်ရှာတော့မလိုပင်။

ချူယီကလည်း နောက်ကြည့်မှန်ကို တချက်လှမ်းကြည့်ပြီး ချူစစ်ယွမ်ရဲ့မကျေမနပ်ဖြစ်နေတဲ့ အသွင်အပြင်ကို တွေ့လိုက်ရပြီး ရှန်မုအန်းတယောက် ဘာလို့ အနောက်ကို လှည့်ကြည့်လှည့်ကြည့်ဖြစ်နေတာလဲဆိုတာကို သူချက်ချင်းသိသွားခဲ့တယ်။

ဒီအခြင်းအရာကို တွေ့ရှိသွားပြီးတဲ့နောက် ရှန်မုအန်းက အနောက်ကို ခဏခဏ လှည့်ကြည့်နေတော့တယ်။ ချူစစ်ယွမ်ဖက် သူဆက်တိုက်လှည့်ပြီး ပြုံးပြနေလိုက်တော့ ချူစစ်ယွမ်ကလည်း ပြန်ပြုံးပြလာတယ်။

ဒီလိုဖြစ်နေတာက အကြိမ်ပေါင်းမနည်းဖြစ်လာတော့ ချူစစ်ယွမ်ခမျာ ပင်ပန်းလာတာကြောင့် ချူယီ့ကို စိုက်ကြည့်နေတာကို သူရပ်ပစ်လိုက်တယ်။

ယွေ့ယွေ့က ဒီအရာအားလုံးကို စောင့်ကြည့်နေခဲ့တယ်။ သူက ချူယီနဲ့ ဘာဆွေမျိုးမှမတော်တာကြောင့် ချူစစ်ယွမ်လိုမျိုး သူ့ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြလို့မရဘူး။ ယွေ့ယွေ့တယောက် သူ့နှလုံးသားအောက်ခြေကနေ ဆန်တက်လာတဲ့ သတိရှိမှုတွေကို တိတ်တိတ်လေး တိုးမြှင့်ထားလိုက်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now