《 Chapter 74 》

1.4K 276 7
                                    

{Unicode}

အခန်း (၇၄) - လက်ဦးမှုရယူခြင်း

"စိတ်မဆိုးတော့ဘူးမလား?" ရှန်မုအန်း ချူယီကို ပြုံးကြည့်နေခဲ့တယ်။ စောနတုန်းက သူစိတ်ဆိုးနေသေးမှန်း အသိသာကြီးကို၊ ဒီလောက်မြန်မြန်လေးနဲ့ စိတ်ဆိုးပြေသွားလိမ့်မယ်လို့ ရှန်မုအန်း ထင်မထားမိလိုက်ဘူး။

ဒီစကားတခွန်းက ချူယီအား တစုံတရာကို သဘောပေါက်သွားစေပုံရတယ်။ ရှန်မုအန်း ဘာဖြစ်လို့ ဒီမေးခွန်းကို ရုတ်တရက် ထမေးရသလဲဆိုတာကို နားလည်သွားပြီး သည်အခွင့်အရေးကို လက်လွတ်ခံမဲ့ အစီအစဉ်မရှိတာကြောင့် တမင်သက်သက်ဘဲ သူပြန်ဖြေလိုက်တယ်၊ "ကိုယ်စိတ်ဆိုးနေတုန်းပဲနော်"

တဖက်လူက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေမှန်း ရှန်မုအန်းသိနေခဲ့ပေမဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်တာကြောင့် သူထပ်မေးလိုက်တယ်၊ "အဲ့ဒီလိုဆိုရင်လည်း၊ မစ္စတာချူခင်ဗျ၊ ကျေးဇူးပြုပြီးတော့ လူကြီးမင်းကို ကျွန်တော်ဘယ်လိုချော့ရပါ့မလဲခင်ဗျာ?"

စိတ်ဆိုးနေတဲ့သူကို ဘယ်လိုချော့ရမလဲလို့ မင်းဘယ်လိုတောင်မေးလိုက်တာတုန်း?

ချူယီခမျာ ဘယ်လိုဖြေရမှန်း မသိတော့ဘူး။ နောက်တော့ ရုတ်တရက်ကြီး၊ ဒီနေ့ ကားထဲမှာ ရှန်မုအန်းတယောက် ယွေ့ယွေ့ကို နမ်းလိုက်တာကို သူအမှတ်ရသွားပြီး သူ့နားရွက်တွေ အနည်းငယ် နီမြန်းလာခဲ့တယ်၊ "ယွေ့ယွေ့ကို မင်းချော့သလိုမျိုး ကိုယ့်ကိုလည်း အဲ့ဒီအတိုင်း ချော့ရမှာပေါ့"

"အဲ့ဒီလိုလား?" ရှန်မုအန်းက သူ့မေးစေ့ကိုကိုင်ရင်း ခဏလောက် စဉ်းစားလိုက်ပြီးမှ သူ့လက်ကိုဆန့်ကာ ချူယီရဲ့ခေါင်းကို ထိလိုက်ပြီး အလေးအနက် မေးလာခဲ့တယ်၊ "ဒီလိုလုပ်ပေးရင်ရော အဆင်ပြေရဲ့လား?"

ချူယီမျက်နှာပေါ်က အပြုံးကြီးက တောင့်ခဲသွားတော့တယ်။ ဒါကြီးက သူမျှော်လင့်ထားတာနဲ့ လုံးဝကို တူမနေဘူးလေ။ ယွေ့ယွေ့ကို ချော့တုန်းက ဒီလိုချော့တာမှ မဟုတ်ဘဲ၊ သူ့အလှည့်ကျမှ ဘာလို့ပြောင်းသွားရတာတုန်း?

"ဟင့်အင်း" သေချာတာပေါ့၊ ချူယီဆိုတဲ့သူက ရှန်မုအန်း ဒီလိုလုပ်လိုက်လို့ လွယ်လွယ်ကူကူလေးနဲ့ ပျော့သွားမဲ့သူမျိုး မဟုတ်ဘူး။ ဒီနေ့တော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အဆင့်တက်ဖို့လိုနေပြီလို့ သူခံစားမိတယ်။ အဲ့ဒါကြောင့် ချူယီက ဒီအခွင့်အရေးကောင်းကို လက်လွတ်အဆုံးရှုံးခံမှာ မဟုတ်ဘူး။ လက်ဦးမှုရယူပြီး အရင်တိုက်ခိုက်ရမယ်လို့ သူဆုံးဖြတ်ချက်ချလိုက်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now