အခန်း ( ၁၃ ) ကြိုက်မိသွားသောအရသာ

82 9 0
                                    

စွယ်စုံမှော်ဘုရင် မိုဖန် ( ဘာသာပြန် - ဂျော်ဂျီ )

အခန်း ( ၁၃ ) ကြိုက်မိသွားသော အရသာ

တောင်းကုန်းပေါ်ရှိ နားနေဆောင်အတွင်း ထွက်ပေါ်လာခဲ့သော ခန့်မှန်း၍မရအောင် ခမ်းနားလွန်းလှသည့် ခရမ်းရောင်စွမ်းအင်အလင်းတန်းများသည် ယခုအချိန်၌မူ ဘာမှမရှိခြင်းအဖြစ်သို့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

လေထုအတွင်း၌မူ မီးကျွမ်းညှော်နံ့များနှင့် ပြည့်နှက်နေခဲ့သည်။

အနီးပတ်ဝန်းကျင်ရှိသစ်ပင်အချို့ပေါ်၌ မီးသင့်ထားသောဒဏ်ရာများကိုပင် တွေ့မြင်နေရသည်။

မြေပြင်ထက်၌မူ လဲကျတွန့်လိမ်နေသောလူနှစ်ယောက်ရှိနေခဲ့သည်။

သူတို့၏ သွင်ပြင်များမှာ ကြောက်စရာကောင်းလောက်အောင် ဆိုးရွားနေခဲ့ပြီး မာနကြီး မောက်မာအထက်စီးဆန်သော ဂွမ်ရှီခရိုင်လူဆိုးလူမိုက်များ၏မူလသရုပ်ကို ယခုအချိန်၌ သူတို့ကိုယ်ပေါ်တွင်တစ်စိုးတစ်စိမျှပင် ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပါချေ။

ကျန်သုံးယောက်သောသူတို့၏ ထိတ်လန့်ကြောက်ရွံ့မှုကမူ ‌ပြောမပြတတ်နိုင်အောင်ပင်။

“အကို....မို.....အကိုကြီးမိုဖန်, ကျွန်တော်တို့...ကျွန်တော်တို့ တစ်ခရိုင်တည်းမှာ အတူတူကြီးပြင်းလာတာလေးကိုငှဲ့ညှာပြီး ဒီတစ်ခါ‌ခွင့်လွှတ်ပေးပါ။ နောက် ဒါမျိုးဘယ်တော့မှမဖြစ်စေရဘူးလို့ ကျွန်တော်ဂတိပေးပါတယ်။”

စီးကရက်နှင့်လူ၏ ရဲရင့်မှု့မှန်သမျှက သုညဖြစ်သွားရပြီဖြစ်သည်။

သူ့မျက်လုံးများထဲတွင်မူ သူ့ရှေ့တွင်ရပ်နေသော အသက် ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးသည် ဆောင်းညအိပ်မက်များတွင်မက်တတ်သော “‌ပြေးမရ အေးစက်ချောက်ထဲကျ သရဲမ” ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေခဲ့ရသည်။

“အကိုကြီး.....အကိုကြီးဟာ ကြီးမြတ်တဲ့ မှော်ပညာဆရာသခင် မက်ဂယ်တစ်ဦးပါ။ အကိုကြီးရဲ့အဆင့်ဟာ ကျွန်တော်တို့လို အစုတ်အပျက်ကောင်တွေနဲ့ဆိုရင် မနှိုင်းယှဉ်သာ‌လောက်အောင် မြင့်မြတ်လွန်းပါတယ်။ ကျွန်တော်..ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ။”

စွယ်စုံမှော်ဘုရင် မိုဖန်Where stories live. Discover now