အခန်း ( ၆၇ ) အဆင့်မြင့်အဆင့် မှော်မိစ္ဆာဝံပုလွေ..

47 9 0
                                    

စွယ်စုံမှော်ဘုရင် မိုဖန် ( ဘာသာပြန် - ဂျော်ဂျီ )

အခန်း ( ၆၇ ) အဆင့်မြင့်အဆင့် မှော်မိစ္ဆာဝံပုလွေ..

.

“မြန်မြန်ထွက်သွားကြစမ်း.. မှော်သားရဲလိုက် မုဆိုးအဖွဲ့တွေနီးလာပြီ.. တိုက်ပွဲစတော့မယ်..”

ကိုးစဲထောင်က ကျွတ်ဆတ်သောလေသံဖြင့် သူတို့အဖွဲ့ကို စိတ်မရှည်စွာ ခပ်ရိုင်းရိုင်းမောင်းထုတ်လိုက်၏။

“မှော်သားရဲလိုက်မုဆိုးအသင်းလား.. ကောင်းလိုက်တာ.. ကောင်းလိုက်တာ..”

ကျိုးမင် ဘဝအသစ်တစ်ခုရလိုက်သလို ဝမ်းသာအားရ ခုန်ပေါက်အော်ဟစ်လိုက်၏။

မိုဖန်ကမူ စကားတစ်ခွန်းမှ ထပ်မဆိုတော့ဘဲ မှော်သားရဲကြီး အေးခဲမလှုပ်မရှားနိုင်ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ကျိုးမင်နှင့် သူမ၏အဖွားကို တွဲ၍ ဘေးလွတ်ရာသို့ လျှင်မြန်စွာ တိမ်းရှောင်လာခဲ့သည်။

သူတို့အဖွဲ့ ညောင်မုတ်ဆိတ်လမ်းအဆုံးသို့ ရောက်လုရောက်ခင်မှာပင် ဘလူးတုနားကြပ်ငယ်လေးကိုသုံး၍ သူမ၏ ကျန်အဖွဲ့သားများကို လှမ်းအော်ဆက်သွယ်နေသော ကိုးစဲထောင်၏အသံကို မိုဖန်ခပ်သဲ့သဲ့ကြားလိုက်ရ၏။

“အဖွဲ့သားတွေ ဖန်မိုကို အကြောင်းကြားပြီးပြီလား..၊ အခုရင်ဆိုင်ရမယ့် မှော်သားရဲက အဆင့်မြင့်အဆင့် မျက်လုံးတစ်လုံးမိစ္ဆာမှော်ဝံပုလွေပဲ.. ကျမထင်တာမမှားရင် ဒီသားရဲဟာ ကျမတို့ရင်ဆိုင်ခဲ့ရတဲ့ မျက်ပြဲကြွက်မျောက်ဝံမှော်သားရဲလို သိဒ္ဓိဝင်မြေအောက်စမ်းချောင်းက မြင့်မြတ်မှော်ရေစင်ကို တိတ်တဆိတ်ခိုးဝင်အသုံးပြုခဲ့တဲ့ နောက်ထပ်မှော်သားရဲတစ်ကောင်ပဲ ဖြစ်ရမယ်.. မျက်ပြဲကြွက်မျောက်ဝံမှော်သားရဲကို ရင်ဆိုင်ဖို့ ကျမတို့အတွက် သိပ်မခက်ခဲခဲ့ပေမယ့် ‌ဒီသတ္တဝါကြီးကိုတော့ မလွယ်လောက်ဘူးလို့ထင်တယ်.. ကြည့်ရတာ ဒီမိစ္ဆာက မြင့်မြတ်စမ်းရေကနေ ကောင်းကောင်း ရိတ်သိမ်းနိုင်ခဲ့ပုံရတယ်.. ပုံမှန် သားရဲတွေနဲ့မတူ အရမ်းကို စွမ်းအားကြီးလွန်းနေတယ်.. မိုးကြိုးဒြပ်စင်မှော်စွမ်းအင်သမားတစ်ယောက်မပါဘဲ ကျမတို့ချည့်ပဲ ဒီမိစ္ဆာကို ဘယ်လိုမှ နိုင်အောင်ထိန်းထားနိုင်မှာမဟုတ်ဘူး..”

စွယ်စုံမှော်ဘုရင် မိုဖန်Where stories live. Discover now