Intro

206 25 7
                                    

သားထယ်ရေ~သွားမယ်ဟေ့
ဟုတ်ကဲ့ လာပြီအပါး

ဒီနေ့ကျွန်တော်တို့ သားအဖနှစ်ယောက် ဘိုးဘွားတွေဆီသွားကန်တော့မလို့လေ

သွားကန်တော့မယ်ဆိုတော့ သူတို့အိမ်ဆီကိုမထင်နဲ့အုံး အားလုံးကဆုံးပါးသွားကြပြီလေ

သူတို့ရဲ့အုတ်ဂူတွေဆီသွားပြီး သန့်ရှင်းရေးလုပ်ပေးတယ် အစားအသောက်တွေလဲပေးတယ် အဲ့လိုမျိုးတွေ လုပ်ကြတာပေါ့ဗျာ

နှစ်ပတ်လည်မှ လုပ်တာမျိုးတွေ မဟုတ်ဘဲ ကျွန်တော်တို့ ဒေသကလူတိုင်းက သူတို့အားတဲ့အချိန်လေးမှာ အမြဲတမ်းသွားပြီးလုပ်ပေးတဲ့ဓလေ့လေးပေါ့

လူကြီးတွေကပြောတာတော့ သူတို့က ကျွန်တော်တို့လို သန့်ရှင်းရေးတွေဘာတွေ လုပ်ဖို့ အစွမ်းအစမရှိတော့ ကျွန်တော်တို့ကလုပ်ပေးရမှာပေါ့တဲ့ သူတို့လည်းညစ်"ပတ်"ဘယ်နေချင်ပါ့မလဲတဲ့

အဲ့တာကြောင့် အဲ့နေရာတွေကိုညစ်ပတ်အောင်မလုပ်ရဘူး အပေါ့အလေးစွန့်တာတွေမလုပ်ရဘူး ဆိုပြီး လူကြီးတွေက အမြဲမှာလေ့ရှိတယ်

ကျွန်တော်လိုက်သွားရတာတော့ ပထမဆုံးအကြိမ်ပဲ
အရင်ကတော့ ငယ်သေးလို့ဆိုပြီး အဖေကမခေါ်သွားဘူး တခါမှမသွားဖူးတော့ စိတ်လှုပ်ရှားနေမိတယ်
လည်ပတ်လို့ကောင်းတဲ့နေရာတစ်ခုမဟုတ်ပေမဲ့လို့ပေါ့

*အဲ့ကိုသွားတာဟာ နောက်ပိုင်းမှာသူ့ကိုနာကျင်စေရမယ်မှန်းကိုသာ ထိုကောင်လေးသိခဲ့လျှင် သူသွားဖို့အတွက်ကိုစိတ်လှုပ်ရှားနေအုံးမှာလား*

ကိုယ်အရမ်းကြိုက်ခဲ့ရတဲ့BLလေးကိုvhope versionနဲ့ပြောင်းရေးကြည့်ချင်တာမို့ ဇာတ်လမ်းရဲ့တစ်ဝက်လောက်ထိက အဲ့serieရဲ့ဇာတ်အိမ်လေးကိုယူပြီး လိုသလိုပြန်ပြောင်းရေးထားမှာပါနော်

Theory Of LoveOnde histórias criam vida. Descubra agora