TOL.4

64 18 24
                                    

                                    TOL
ကိုကိုဘာလို့ဧည့်ခန်းကြီးမှာထိုင်နေရတာလဲ
ကျွန်တော့်အခန်းထဲဝင်ထိုင်တာမဟုတ်ဘူး ဘာလဲ ကျွန်တော်ကိုက်စားမှာကြောက်လို့လား

မဟုတ်ပါဘူးထယ်လေးရယ် ကိုကိုကဧည့်ခန်းကပန်းချီလေးတွေစိတ်.........

ဆက်ပြောလေကိုကို ပန်းချီလေးတွေကိုဘာဖြစ်လဲ

အပေါ်ပိုင်းဗလာကျင်းနဲ့အောက်ကတပါတ်အဖြူလေးပဲပတ်ထားပြီး စုတ်တိစုတ်ဖွားဆံပင်လိမ်လိမ်လေးတွေမှာတွဲလွဲခိုနေတဲ့ ရေစက်လေးတွေ
အိုးးးးပနံသင့်လိုက်ပုံများ အကြည့်လွှဲပစ်ချင်စရာမရှိ

ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာ ပြောဖို့စကားတောင်မေ့နေတာ ထယ်လေးခေါ်မှစိတ်နဲ့ကိုယ်နဲ့ကပ်တော့ တစ်ယောက်တည်းပူထူပြီးပေါက်ထွက်တော့မလိုခံစားလိုက်ရတယ်

ကျွန်တော်အဲ့လောက်တောင်ကြည့်ကောင်းတာလား

ကြည့်မကောင်းပါဘူး

အဲ့တာဆိုဘာလို့ပြောဖို့စကားတောင်ဆက်မပြောဘဲ ကျွန်တော့်ကိုမျက်တောင်မခတ်ကြည့်နေရတာတုန်း

မကြည့်ပါဘူး ရုတ်တရပ်မို့ကြောင်သွားတာပါ ပန်းချီတွေကစိတ်ဝင်စားဖို့ကောင်းလို့ လိုက်ကြည့်နေတာလို့ပြောမလို့ပါ

အမယ်...ဗြောင်လိမ်တာကြည့်

ကိုယ့်ထက်အကြီးကိုအဲ့လိုပြောစရာလား ငရဲကြီးလိမ့်မယ်

ကောင်းတာပေါ့ ငရဲကြီးတော့ငရဲလေးကိုနိုင်တာပေါ့ဟဟားး

ဒီကလေး လူကြီးကိုလာပြောင်နေတယ် အအေးပတ်လိမ့်မယ် အဝတ်အစားအမြန်သွားဝတ်ချည် shoppingထွက်ရအုံးမယ်မလား

ဒီသရဲကဘိုလိုတောင်မှုတ်လို့ပါလား

ရားးးးးကင်မ်ထယ်ယောင်းလို့ကိုယ်ကစိတ်ဆိုးသလိုလေးအော်လိုက်တော့ စပ်ဖြဲဖြဲနဲ့ကောင်လေးက
စတာပါကိုကိုကလည်း စိတ်ချည်းပဲ ငါးမိနစ်နဲ့ပြီးစေရမယ်ဆိုပြီး အခန်းထဲသို့အမြန်ပြေးဝင်သွားလေရဲ့

ဒီကလေးချစ်ဖို့ကောင်းလိုက်တာ အိုးးးငါဘာတွေတွေးနေတာလဲ
ချစ်ဖို့ကောင်းတယ်ဆိုတာကကိုယ့်ညီလေးတစ်ယောက်လိုချစ်ဖို့ကောင်းတယ်ဆိုတာကိုပြောချင်တာ ဟုတ်တယ် ဟုတ်တယ် ညီလေးလိုချစ်တာဆိုပြီး တစ်ယောက်တည်းအတွေးထဲရောက်ယပ်ခတ်နေတုန်း

Theory Of LoveWhere stories live. Discover now