TOL.2

89 23 23
                                    

                                     TOL

တစ်ခါပဲ တွေ့ဖူးရသေးတဲ့၈နှစ်သားကလေးလေး တစ်ယောက်ရဲ့စကားကို ယုံကြည်ပြီးစောင့်နေမိတာ ၅နှစ်တောင်ကြာခဲ့ပြီ
ဟိုဆော့တို့ ရူးချက်က လိုက်မမှီတော့ဘူးပဲ
ဒါပေမဲ့လည်း ကျွန်တော်ဆက်ပြီးစောင့်နေမိတုန်းပဲ

ပေါတောတောနဲ့စောင့်နေခဲ့တာ ခုဆို၁၀နှစ်ရှိသွားပြီပေါ့ ဘယ်သူ့ရဲ့အရေးပေးမှုမှမခံရတဲ့ ကျွန်တော့်ဆီလာပြီးစကားတွေပြောပေးပြီ ကျွန်တော့်ကိုပါ မြင်နိုင်တဲ့ကောင်လေးမို့ ခင်တွယ်မိတာထင်ပါရဲ့

ဒီတနေ့တာကိုလည်း တစ်ယောက်တည်းဖြတ်သန်းရအုံးမှာပေါ့ ဟူးးးး

ဒါနဲ့ စောစောက ကားရပ်သံကြားလိုက်သလိုပဲ သူများတွေကျတော့လည်း လာတွေ့တဲ့သူ‌ေတွဖောသီလို့ ငါ့ကျမှ ပျင်းစရာကောင်းလိုက်တာကွာ

ကောင်လေးကချောချောလေးပါလား သူကငါ့ကိုကြည့်ပြီးပြုံးနေတယ် ငါ့ကိုလာတွေ့တာလား မဖြစ်နိုင်ပါဘူး
ဟမ်းးတကယ်ကြီး ငါ့ဆီကိုလျှောက်လာနေတာပါလား ဘယ်သူများပါလိမ့် ငါ့တူလေးများလား
ဟိုဆော့တစ်ယောက်အတွေးထဲယောက်ယက်ခတ်နေစဉ် ထိုကောင်လေးသူ့ရှေ့ရောက်လာခဲ့တယ်

ကိုကို တစ်ယောက်တည်းဘာတွေတွေးပြီးခေါင်းညိမ့် ခေါင်းခါလုပ်နေတာလဲ ကျွန်တော့်ကိုမမှတ်မိတော့ဘူးလား ထယ်ယောင်းလေ

အကျင့်မကောင်းတဲ့ကောင်လေး ကိုကို့ဆီ ခနခနလာမယ်ပြောပြီး ဆယ်နှစ်ကြာမှပြန်လာရမလားဆိုပြီး ပြောချင်ပေမဲ့ သူကကိုယ်နဲ့ ဘာမှမဆိုင် ဆွေမျိုးတောင်မတော်တာကို ဘာလို့အဲ့လိုသွားပြောရမှာလဲဆိုပြီး တွေးမိကာမှ ကျချင်နေတဲ့မျက်ရည်တွေကိုထိန်းရင်းနဲ့ဘဲ

ဪ..ထယ်လေးလား ထယ်ကထွားလာတော့ ကိုကိုတောင်သိပ်မမှတ်မိတော့ဘူး ချောလည်းချောလာတော့လေ ဟဟားဟားး

ထင်သားဘဲ ကိုကိုကျွန်တော့်ကိုမမှတ်မိဘူးဆိုတာ
ကျွန်တော်တောင်းပန်ပါတယ်နော် ကိုကို့ဆီ မကြာမကြာလာမယ်ပြောပြီ မရောက်လာတဲ့အပြင် ဆယ်နှစ်တောင်ကြာသွားတာဆိုတော့ တကယ်စိတ်မကောင်းဖြစ်မိတယ်ကိုကိုရယ်

Theory Of LoveWhere stories live. Discover now