TOL.5

92 21 21
                                    

                                     TOL
ထယ်လေး.....ထယ်လေးရေ.....ထယ်လေး ထထ ကျောင်းနောက်ကျနေလိမ့်မယ်
ကိုယ့်မှာသူ့ကိုပါးစပ်နဲ့ဘဲခေါ်နှိုးနေရတာ သိပ်အလုပ်မဖြစ်ပါဘူး အိပ်မောကျနေတယ်ထင်ပါရဲ့ လှုပ်နှိုးဖို့ကျတော့လည်း ကျွန်တော်ကထိလို့မရတော့ခက်ပြန်ရော
ဒါမဲ့အေးဆေးခေါ်နှိုးလို့မရတော့ ကျွန်တော့်ရဲ့ပါဝါအားကောင်းလွန်းလှတဲ့vocalကိုအသုံးပြုလိုက်ရပါတော့တယ်

ကင်မ်ထယ်ယောင်းးးးးးးးးးး
(ကိုကို့vocalကိုတော့ကိုယ့်ဘာသာကိုယ်နားယောင်ကြည့်လိုက်ပါနော်)

အမလေး ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲကိုကို

ဘာမှမဖြစ်ဘူး ထယ်လေးကိုခေါ်‌နှိုးတာမကြားလို့အကျယ်ကြီးအော်လိုက်တာ နာရီကိုလည်းကြည့်အုံး၇နာရီခွဲနေပြီ ကျောင်းနောက်ကျမှာစိုးလို့ စောစောခေါ်နှိုးတာပါဆို သူ့ကိုခေါ်နှိုးရင်းအချိန်ကုန်သွားတယ်
သွားသွား ရေမိုးချိုး၊မနက်စာစာပြီး ကျောင်းသွားဖို့အဆင်သင့်လုပ်တော့

ဟော....နှုတ်ခမ်းတထော်ထော်နဲ့ကျွန်တော့်ကိုပြောနေပုံကအသဲယားစရာဖက်နမ်းချင်စရာလေး ဟိဟိ

ဒါမဲ့လည်းမဖြစ်နိုင်တဲ့အတွေးကြီးမလား ကျွန်တော်တို့ဆက်ဆံရေးကဘာမလို့လဲ သူငယ်ချင်းလည်းမဟုတ် အကူအညီလိုအပ်သူနဲ့ကူညီပေးမဲ့သူပဲလေ ဘဝချင်းကလည်းတူတာမဟုတ်ဘူးကို ကျွန်တော်ဘာတွေတွေးနေမိတာလည်း ဆိုပြီးခေါင်းထဲကအတွေးတွေကိုရှင်းထုတ်လိုက်ရင်း

အမလေးကိုကိုရယ် မသိရင်ကျွန်တော့်အဖွားကျနေရော ပွစိပွစိနဲ့မမောနိုင်မပန်းနိုင်ပြောကိုပြောနိုင်လွန်းတယ်

ဘာ...ငါ့ကိုများသူ့အဖွားတဲ့ စေတနာနဲ့ကောင်းစေချင်လို့ပြောတာကို ကျောင်းစဖွင့်ရက်မလို့#!*;;#!!!**##;!!;#;#!;;;!!;;;!!!!!;;#!#;;#;;!!!!;:::'"*"$$$
အဖွားလို့ပြောမိတဲ့ကိုယ့်ကိုယ်ကိုသာအပြစ်တင်လိုက်ချင်တော့တယ် အဖွားနဲ့နှိုင်းလို့မပြောတော့ဘဲနေမလားလို့ ခုတော့ပိုတောင်ဆိုးသွားသေးတယ်

နားပိတ်ပြီး ရေချိုးခန်းထဲသာအမြန်ပြေးခဲ့လိုက်တော့တယ်

ရေချိုးပြီးပြန်ထွက်လာတာတောင်အဲ့ကိုကိုကသူ့နှုတ်ခမ်းကြီးကိုထော်ထားတုန်းဘဲ ရယ်ချင်စိတ်ကလေးနဲ့စချင်တဲ့စိတ်ကလေးကိုထိန်းရင်း

You've reached the end of published parts.

⏰ Last updated: Feb 16, 2023 ⏰

Add this story to your Library to get notified about new parts!

Theory Of LoveWhere stories live. Discover now