TOL.3

74 22 24
                                    

                                     TOL
ထွက်လို့မရဘူးဆိုတော့ ဘယ်လိုလုပ်မလဲကိုကို
တစ်ခုခုအကူအညီနဲ့ထွက်လို့ရမဲ့ နည်းတွေဘာတွေမရှိဘူးလားဟင်

ခဏလေး ကိုကို့ကို ဘဘတစ်ယောက်ပြောပြထားဖူးတာရှိတယ် နှစ်မျိုးရောနေလို့ ဘယ်ဟာအမှန်လဲဆိုတာ သေချာပြန်စဉ်းစားကြည့်လိုက်မယ်

Arr...ဟုတ်ပြီ အမွှေးဖယောင်းတိုင် ဟုတ်တယ် ဟုတ်တယ် အမွှေးဖယောင်းတိုင်ထွန်းမှရမယ် ကိုကို အပြင်လောကကိုထွက်ဖို့ ကိုကို့တွက် အမွှေးဖယောင်းတိုင်ထွန်းပေးရမယ်

ကိုကိုသွားမဲ့နေရာတိုင်းကို မီးထွန်းထားတဲ့ အမွှေးဖယောင်းတိုင်သယ်သွားရမယ် ထယ်လေးအဆင်ပြေပါ့မလားဟင်

မရ ရတဲ့နည်းနဲ့အပြင်ကိုထွက်ရမှာပဲလေ နောက်ပိုင်းကိစ္စကတော့နောက်မှကြည့်ရှင်းတာပေါ့ကိုကိုရယ်

ဟုတ်ပါပြီ ကိုကိုကထယ်လေးအဆင်မပြေမှာစိုးရိမ်တာပါ အဆင်ပြေတယ်ဆိုလဲ ဆက်လုပ်ကြတာပေါ့

ဒါဆိုကျွန်တော် ဖယောင်းတိုင်သွားဝယ်လိုက်အုံးမယ်နော် ခဏလေးဘဲစောင့် မကြာစေရဘူး ဆိုပြီးပြေးသွားတဲ့ကောင်လေးကြောင့် ကိုယ့်မှာ ချော်လဲမှာလည်းစိတ်ပူလိုက်ရသေး

ဒီကလေးဘာကြောင့်ကျွန်တော့်အပေါ်ဒီလောက်ကောင်းနေရတာလဲဆိုတာ စဉ်းစားလို့မရတော့ဘူး

ခနကြာတော့ ဖယောင်းတိုင်ထုတ်လေးကိုင်ပြီးအမောတကောပြေးလာတဲ့ကောင်လေးကိုကြည့်ပြီးကျွန်တော်နှုတ်ခမ်းဆူမိသွားတယ်

ကိုကိုဘာလို့နှုတ်ခမ်းကြီးဆူထားတာလဲ ဘာလို့စိတ်ဆိုးနေတာလဲ ကျွန်တော်ဘာမှားသွားလို့လဲဟင်

ဖြေးဖြေးသွားလို့လည်းရတာကိုပြေးပြီးသွားလို့စိတ်ဆိုးချင်နေပါတယ်ဆို သူဝယ်လာတာကပါမှားနေတော့စိတ်ကပိုဆိုးချင်လာရော ဒါမဲ့ကိုယ့်အတွက်လုပ်ပေးနေတာဘဲလို့တွေးရင်း စိတ်လျှော့ပြီး

ဘယ်သူကစိတ်ဆိုးလို့လဲ ဘယ်သူမှစိတ်မဆိုးပါဘူး
ဒါမဲ့ ထယ်လေးဘာမှားသွားတာလဲဆိုတော့ အမွှေးဖယောင်းတိုင်နဲ့ရိုးရိုး‌ဖယောင်းတိုင်မှားသွားရုံပါဘဲခဗျာ

Theory Of LoveWhere stories live. Discover now