အပိုင်း - ၁၈

3.8K 362 30
                                    

ရင်ခွင်ထဲမှာ မှေးစက်နေတဲ့ အမျိုးသမီးကို သံစဥ်စိုက်ငေးကြည့်နေသည်မှာ တစ်နာရီမကတော့။မှိတ်ထားတဲ့ မျက်ခွံလေးတွေပေါ်က မျက်ကြောစိမ်းစိမ်းလေးတွေ၊သဘာဝအတိုင်း လှနေတဲ့မျက်တောင်နက်နက်လေးတွေ ၊ လှပချွန်တက်သွားတဲ့ နှာတံလေးနဲ့ ဆိုးဆေးပါးပါးဆိုးထားတဲ့ နှုတ်ခမ်းရဲရဲလေး။မထူမပါး မျက်ခုံးသွယ်သွယ်လေးကလည်း ပံပို့းပေးထားတဲ့ အလှတစ်ပါးပဲ။ခေါင်းကိုအမော့တိုင်းမှာ လည်တိုင်မှာလာရိုက်ခတ်တဲ့ အသက်ငွေ့ပူပူလေးတွေကလည်း လူကိုမရိုးမယွဖြစ်စေသွားတာ။ရင်ခွင်ထဲမှာ ​ထွေးပွေ့ထားတယ်ဆိုတဲ့အသိမှာ နဖူးထက်ကို ခဏခဏနမ်းရှိုက်စေမိသည်။

ငေးစိုက်ကြည့်နေတုန်းပဲ ရင်ခွင်ထဲက အမျိုးသမီးကလှုပ်လှုပ်ရှားရှား လွန့်လူးလာသည်။သံစဥ့်ကို မေ့ကြည့်ပြီး အခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်သေးသည်။

" တို့ ဘယ်ရောက်နေတာလဲ "

" သံစဥ့်ရင်ခွင် "

" တို့ ဘယ်လိုလုပ် မင်းအခန်းထဲ ရောက်နေရတာလဲ "

အခုကာမှ ပြာပြာသလဲထကာ မျက်ဝန်းအဝိုင်းသားလေးနှင့် ဘာမှမသိသလိုမေးလာသည်။ကပြာကယာအထမှာ ကပိုကရိုပြေကျသွားတဲ့ ဆံနွယ်နက်နက်လေးတွေက တောင်အမြင့်ပေါ်က လိမ့်ကျလာတဲ့ ရေလုံးလေးတွေပမာ။မြတ်နိုးရခြင်းတွေဟာ ငြိမ်သက်နေတဲ့ ရေပြင်ကို လေပြေ ညင်သာသာဖြတ်တိုက်သွားလို့ တစ်လှိုင်းခြင်း လှုတ်ခတ်လာသလိုမျိုး။လက်မောင်းက နာကျင်မှုကို အခုမှသတိထားမိသည်။

" အား လက်နဲ့အကြာကြီး ထွေးပွေ့ထားရတော့ ထုံကျင်နေတာပဲ အာအာ သွပ် သွပ် "

ခါနေတဲ့ ညာလက်ကို ညင်သာစွာထိတွေ့လာတဲ့ လက်ဖမိုးလေး။လေးဆယ်ကျော် အမျိုးသမီးဆိုတာ ယုံဖို့ခက်ခက်ရယ်။

" အရမ်းကျင်သွားလား "

" အွန်း ထုံတာတော့ကြာပြီ အခုမှ လှုပ်လိုက်တော့ ကျင်တက်လာတာပေါ့ "

လက်ချောင်းလေးတွေနဲ့ ညာလက်မောင်းကို ခပ်ဖွဖွနှိပ်ပေးလာတော့ အဲ့ဒီလက်ချောင်းလေးကို သံစဥ်ဆွဲယူဆုပ်ကိုင်လိုက်သည်။နူးညံ့တဲ့မျက်ဝန်းတွေမှာ အကြင်နာတရားနဲ့ ဂရုဏာတရားကို ယှဥ်ကာတွေ့ရလေသည်။

ချစ်ခြင်းရှိရာ မန္တလာမြေWhere stories live. Discover now