အပိုင်း - ၃၄ 🤒

4.7K 214 6
                                    


- A thousand miles ~~ between us now~
~~It causes me to wonder how~~
Our love tonight (~~our love tonight)
Remains so strong (~~remains so strong~~)
~~It makes our risk (it make our risk)
Right all along~~

westlife ရဲ့ I wanna grow old with you သီချင်းက အိမ်လေးထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်း။သံစဥ့်လက်ချောင်းတို့က နှင်းဆီပွင့်ဖတ်တို့ကို လက်ချောင်းတို့ဖြင့် တို့ထိကစားနေရင်းမှ နှုတ်ခမ်းတို့က တွန့်ကွေးရုံမျှ ပြုံးလိုက်သည်။

-~~The time we spent apart Will make our love grow stronger~~
~~But it hurt so bad I can't take it any longer~~
-
ဝိုင်ခွက် ကိုင်ထားတဲ့ လက်သူကြွယ်မှာ စိန်ပွင့်သေးသေးလေးတွေ ၇ ပွင့် ခြံရံထားပြီး အလယ်မှာ အပွင့်ကြီးတစ်ပွင့်။လည်တိုင်က ဒေစီပေးတဲ့ နာကျင်မှုလေးကို ပွတ်သပ်နေရင်းမှ သူ့အမျိုးသမီးကိုယ်တိုင် ဝတ်ပေးထားတဲ့ လက်စွပ်လေးကို ကြည်နူးစွာ ကြည့်နေမိတယ်။နှုတ်ခမ်းကို အားမလိုအားမရစွာ တစ်ချက်ကိုက်ပြီး သံစဥ့်မျက်ဝန်းတွေ ပင့်တက်လာကာ မျက်ခုံးတန်းလေးနှစ်ခု တွန့်ကျိုးကွေးတက်သွားတယ်။ လက်ထဲမှဝိုင်ခွက်ကို bathtub ဘောင်ပေါ် တင်ကာ ရေထဲမှ ထရပ်ကာဆင်းလိုက်ပြီး အနီးမှာ ချိတ်ထားတဲ့ ကြက်သွေးရောင် bathrobe ကို ဆွဲယူဝတ်လိုက်ကာ ခါးစည်းကြိုးကို ခပ်လျော့လျော့ ချည်နှောင်လိုက်သည်။

~~I wanna grow old with you~~~I wanna die lying in your arms~~
~~I wanna grow old with you~~~~I wanna be looking in your eyes~~
~~~I wanna be there for you~~
Sharing in everything you do~~
~~I wanna grow old with you~~

ရေချိုးခန်းထဲက ထွက်လာတော့ သီချင်းသံက ပိုကျယ်ကာငြိမ့်ညောင်းလာတယ်။သူ့ဒေစီလေးကို ဝေ့ဝိုက်ရှာကြည့်မိတော့ ဝရန်တာနဲ့ခြားထားတဲ့ မှန်တံခါးရှေ့မှာ ရပ်နေသည်။ဆံနွယ်ရှည်တို့ကို ဘေးတစ်ဖက်စုချထားတာမို့ ဝင်းဝါနေတဲ့ ဂုတ်သားလေးက အထင်သားလှနေတော့သည်။ခြေလှမ်းခပ်ဖွဖွဖြင့် အနားသွားကာ နောက်မှ ပွေ့ဖက်ထားလိုက်တော့ ဆတ်ခနဲ ​လန့်သွားပုံပေါ်တယ်။လည်ဂုတ်ကို ငုံ့နမ်းပြီး ပခုံးပေါ်မေးတင်ကာ မျက်ဝန်းတွေကို မှိတ်ထားလိုက်သည်။ဒေစီ့နှဖျားနုနုက သူ့ပါးပြင်ကို လာထိတွေ့လေသည်။အပြုံးလေးမှ ရယ်သံလွင်လွင်လေးထွက်လာတဲ့အခါ ဒေစီ့ကိုယ်လေးကို ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်။နှင်းဆီရနံ့က နှာဖျားထဲ ယစ်မူးဖွယ်တိုးဝင်လာတယ်။နှာသီဖျားချင်း ထိတွေ့ပွတ်ပြီး ဒေစီ့ပါးပြင်နှစ်ဖက်ကို တလှည့်ဆီ ပွတ်တိုက် နမ်းရှုံ့လေသည်။အနမ်းတို့ဟာ မျက်နှာပြင်တစ်ခုလုံး နေရာလပ်မကျန်စေရ။စိတ်ကြိုက်နမ်းရှုံ့ပြီး ဖရိုဖရဲလွင့်ကျလာတဲ့ ဆံနွယ်တို့ကို နားသယ်ကြားထဲ ထိုးထည့်ပေးလိုက်လေသည်။သီချင်းဖွင့်ထားတဲ့ vintage ဆန်ဆန် အနီရောင် portable record player မှ သီချင်းတစ်ပုဒ် ပြီးသွားပြီး Lil Nas X ရဲ့ old town road ​ဆက်လာသည်။ဆံနွယ်စတို့ကို တစ်ချက်နမ်းရှိုက်ပြီး နားရွက် အစွန်အဖျားတို့ကို ထိတွေ့ နမ်းရှိုက်ရင်း လည်တိုင်ဆီ ကူးလိုက်တော့ ဒေစီ့ခေါင်းလေး အနည်းငယ်မော့ကာ လက်ချောင်းတို့က သူ့ခါးကို အလန့်တကြားဖက်တွယ်လာတယ်။အားလိုအားမရ စုပ်ယူနမ်းရှိုက်နေရင်းမှ မနေနိုင်စွာ ခဲကိုက်တော့ ဒေစီ့အသံလေး သဲ့သဲ့ထွက်လာပြီး လက်ကလည်း ကျောပြင်ကို အချိန်ကိုက် ရိုက်ပြီးသားပဲ။လိုချင်တာ ရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ မျက်နှာလိုမျိုး ပြုံးပြီးနေပြီး ဒေစီ့ ပါးပြင်တို့ကို ပြန်လည်နမ်းရှိုက်လိုက်သည်။

ချစ်ခြင်းရှိရာ မန္တလာမြေWhere stories live. Discover now