အပိုင်း - ၃၂

2.2K 177 3
                                    


အပြင်မှာ လေကြီးမိုးကြီး ရွာချနေတယ်။ဖွင့်ထားတဲ့ တံခါးပေါက်မှ တံခါးရွက်တွေဟာ လေကြောင့် တဝုန်းဝုန်းမြည်လျက်။ခန်းစီးစဟာလည်း မိုးရေတွေကြောင့်စိုစွတ်ပြီး လေမှာလွင့်နေလေသည်။တံခါးပေါင်မှ ဝင်လာတဲ့ လေတွေဟာ အနီးနားက စားပွဲပေါ်မှ စာရွက်တွေကို ဖရိုဖရဲလွင့်စေသည်။စားပွဲနားက ပက်လက်ကုလားထိုင်မှာ ခင်ဓနကြွယ်ရှိနေသည်။စီးနှောင်ခြင်းမရှိတဲ့ ဆံနွယ်ရှည်တွေဟာ ပခုံးပေါ်မှာ ဖရိုဖရဲ။တစ်ဖက်​ခြေထောင်ပေါ် တစ်ဖက်တင်ထားပြီး တင်ကလိမ်ချိတ်ပုံသဏ္ဍာန်ဖြစ်သည်။ပြတင်းပေါက်မှ ဝင်လာတဲ့ လျပ်စီးအလင်းရောင်ကြောင့်  သူ့မျက်နှာဟာ မျက်နှသေ ဖြစ်နေတာကို စိုးရွံဖွယ် တွေ့ရုပီး လက်တစ်ဖက်မှာ သေနတ်တစ်လျက်ကိုင်ထားပြီး တစ်ဖက်လက်ကြားမှာ စီးကရက်တစ်လိပ် ညှပ်ထားလေသည်။မိုးဟာ သည်းနေရာမှ စဲသွားပြီး လေလည်းငြိမ်စပြုနေသည်။လျပ်စီးတွေကတော့ ခုထက်ထိ တဖျက်ဖျက်လက်နေဆဲ။သော်ကစံအိမ်တော်ဟာ မိုးညအမှောင်အောက်မှာ ​လျပ်စီးအလင်းရောင်ဖြင့် ခန်ခန့်ထည်ထည် ရှိနေသည်။အလုပ်သမား တန်းလျားဘက်မှာတော့ မီးရောင်လေးတွေ့ရပြီး အိမ်ကြီးမှာတော့ ဘာအလင်းရောင်မျှ မတွေ့ရ။လေဟာ တဖြည်းဖြည်းနဲ့ ငြိမ်သက်စ ပြုလာသည်။စံအိမ်ရဲ့ အခန်းတစ်ခုမှလည်း လှုပ်ရှားစပြုလာတယ်။လေငြိမ်သွားတာနဲ့ စံအိမ်ရဲ့အပေါ်ထပ်မှ ပြတင်းတံခါးတစ်ချပ်ပွင့်လာပြီး မီးရောင်လေး ခြံထဲကို ဖြာကျလာသည်။

" လေငြိမ်သွားပြီ နွယ် "

" တော်သေးတာပေါ့ ဒီလောက်နဲ့ ပြီးလို့ မုန်တိုင်းဖြစ်မယ်တောင် ထင်ထားတာ "

ပြတင်းတံခါးကို ပြန်ပိတ်လိုက်ပြီးနောက် နွယ်ရှိရာ စာကြည့်စားပွဲဲဆီ ခင်မမကြွယ် လျှောက်သွားလိုက်သည်။ကြိမ်ခုံဝိုင်းပေါ်မှာ ထိုင်နေပြီး စာဖတ်နေတဲ့ နွယ့်ကိုယ်လေးကို နောက်မှ သိုင်းဖတ်ကာ လည်တိုင်ကို ငုံ့နမ်းလိုက်တယ်။မမ ပြုမူနေတာက နွယ့်ကို စာကြည့်ပျက်စေတယ်။

" သွား အိပ်ချည်တော့ "

" တို့နွယ်လေး နဲ့အတူ အိပ်မယ်လေ တို့နွယ့်လေး ကိုယ်ငွေ့လေးမရဘဲ တို့အိပ်မရဘူး "

ချစ်ခြင်းရှိရာ မန္တလာမြေWhere stories live. Discover now