အပိုင်း (၂၅)

2.2K 220 4
                                    


Unicode

ညနေ နေဝင်ရိုးရီမှာ သံစဥ်ငယ် အိမ်တော်ကို ရောက်လာတယ်။ညစာ စားပြီးခဲ့ပြီဆိုတာကြောင့် စာဖတ်ခန်းမှာ ဝင်နေလေတယ်။မိခင်ဖြစ်သူနဲ့ ညစာ စားပြီးတာနဲ့ သံစဥ်ရှိရာ ဒေါ်ဒေစီကြွယ် လျှောက်လာခဲ့တယ်။

" ဒီရက်ပိုင်း အလုပ်တွေများနေတာလား "

စာဖတ်နေရာမှ သံစဥ်ပြန်လှာ့်လာသည်။ပြီးတော့ အမျိုးသမီးနား လျှောက်ကာ ခပ်ထွေးထွေးပွေ့ထားလိုက်သည်။ပစ်တုန်းက ပစ်ထားပြီး အခုမှလာကပ်နေတဲ့ ကလေးငယ်ကို ဒေါ်ဒေစီကြွယ် အပြစ်မတင်ရက်ပါ။

" မောင့်ဒေစီရဲ့ မေမေမှာ စိတ်ရောဂါ တစ်ခုခု ရှိနေလား "

" ဘာပြောတာလဲ သံစဥ်ငယ် "

" မောင် တွေးမိလို့ပါ "

ဒေါ်ဒေစီကြွယ်က သူ့ကလေးငယ်ဘက်ကို ဆွဲကာ ထိုင်ခုံမှာထိုင်စေလိုက်တယ်။

" မရှိပါဘူး သံစဥ်ငယ်ရယ် ၊ မင်းဒီလို မေးတော့ တို့စိတ်မကောင်းဘူး "

" သံစဥ် ပွင့်ပွင့်လင်းလင်းပဲ မောင့်ဒေစီကို ပြောပြချင်တယ် "

ဒေါ်ဒေစီကြွယ်က ခေါင်းငြိမ့်ပြလေသည်။

" ဒေါ်ခင်ဓနကြွယ်က သံစဥ်တို့ကို သဘောတူမယ်မထင်ဘူး "

" သံစဥ်ငယ် ၊ မေမေ လိုလိုလားလား ရှိနေတာ မင်း သိရဲ့သားနဲ့"

" မဟုတ်ဘူး မောင့်ဒေစီ "

" တော်ပြီကွယ် မင်းနဲ့စကား မများချင်ဘူး "

" ပြောရမယ် မောင့်ဒေစီ ၊ သံစဥ် ကျောင်းသွားတက်ဖို့ လေးငါးရက်ပဲ လိုတော့တယ် ၊ သံစဥ့်စိတ်က သိနေတယ် သံစဥ်မရှိရင် တစ်ခုခု ဖြစ်တော့မယ်ဆိုတာ "

ဒေါ်ဒေစီကြွယ့် မျက်နှာလေး ညိုးနွမ်နေသည်။မပျော်ပါ။သံစဥ်လည်း သူ့အမျိုးသမီးကို ဒီလိုပုံမမြင်ချင်ပါ။

" မောင့်ယောက္ခမလောင်းက လူသတ်ဖူးလား မောင့်ဒေစီ"

" သံစဥ်ငယ် ဘယ်လိုမေးရက်လိုက်တာလဲ"

" မဟုတ်တမ်းတရား မောင်စွပ်စွဲနေတာ မဟုတ်ဘူး ၊ စံအိမ်ရဲ့ အရှေ့ဘက် သစ်တောထဲမှာ အုတ်ဂူနှစ်လုံး ရှိနေတယ် ၊ တစ်လုံးက ဒေါ်ခင်မမကြွယ်တဲ့ ၊ မောင့်ဒေစီရဲ့ ဒေါ်လေး ခေါ်မလား ၊ နောက်တစ်လုံးက ဒေါ်သီတာနွယ်တဲ့ သံစဥ့် အဖွားရဲ့ ညီမ "

ချစ်ခြင်းရှိရာ မန္တလာမြေWhere stories live. Discover now