part 11

1K 59 6
                                    

Unnicode

"သားဂျောင်ဂု ဒီကိုဘယ်ကနေဘယ်လိုရောက်လာတာလဲ"

ဂျောင်ဂုအခုရောက်နေတဲ့နေရာကတော့သူရဲ့မိထွေးဖြစ်သူနေထိုင်တဲ့အိမ်ကိုရောက်နေခြင်းဖြစ်သည်။အိမ်အပေါက်အဝမှာတင်သူ့ကိုအပြုံးချိုချိုလေးဖြင့်ကြိုဆိုသောသူ့မိထွေးကိုတစ်ချက်ပြုံးပြလိုက်ပြီးအိမ်ထဲကိုဝင်သွားလိုက်သည်။

မသိရင်တော့တကယ့်ကိုဂရုဏာပြည့်ဝတဲ့အမျိုးသမီးပုံစံနဲ့နောက်ကွယ်မှာတော့ဆုံးမကြီးဖြစ်နေခဲ့တာကိုဘယ်သူသိနိုင်မလဲ။

"ဒီအတိုင်းပါဘဲအမေ လမ်းကြုံတာနဲ့ဝင်လာတာ"

"အော်အေးကွယ်အမေလည်းသတိရနေတာနဲ့အတော်ဘဲကွယ်ဒါနဲ့မင်းအခုဘယ်မှာနေနေတာလဲ"

ဒီလိုမေးမယ်ဆိုတာသိသားဘဲ!အရမ်းတော်ပါတယ် ခင်ဗျားရဲ့လက်ထဲမှာကျနော်ခွေးတစ်ကောင်လိုဖြစ်နေခဲ့တာကို ကျနော်မသိခဲ့ဘူး

"အခုလားအရင်ကွန်ဒိုမှာဘဲနေနေပါတယ် အမေဘာလို့မေးတာလဲ"

"မဟုတ်ပါဘူးးအမေသတိရရင်လာလည်လို့ရအောင်လို့"

"ဟုတ်ကဲ့ဒါနဲ့ဟန်နာရော"

"ရှိတယ်သူ့အခန်းထဲမှာ အချိန်တိုင်းအခန်းထဲမှာဘဲနေနေတာသူက"

"ဟုတ်ကဲ့ဒါဆိုကျနော်လည်းချိန်းထားတာရှိတာနဲ့သွားလိုက်ပါအုံးမယ်"

"ကောင်းပြီ"

ဂျောင်ဂုလည်းထထွက်သွားဖို့အလုပ်မေးဖို့တစ်ခုကျန်ခဲ့တာနဲါပြန်လှည့်မေးလိုက်တော့

"Daddyကောဆက်သွယ်သေးလား"

Daddyဆိုတဲ့အသံကြားတာနဲ့တင်ပျက်သွားတဲ့မျက်နာကြောင့်ဂျောင်ဂုမှာအလိုလိုမျက်မှောင်ကျုတ်မိသည်။

"အခုတလောတော့မဆက်သွယ်သေးပါဘူး သူလည်းသူ့အလုပ်နဲ့သူပေါ့"

Daddyကလွန်ခဲ့တဲ့၄နစ်ထဲက ပြင်သစ်မှာကုမက္ကီတစ်ခုတိုးချဲ့တာကြောင့်အဲ့မှာတာသွားနေနေခြင်းဖြစ်သည်။ဒီကကုမက္ကီတွေကတော့ ကျနော်ကိုလွဲပေးခဲ့တာကြောင့်အကုန်လုံးကကျနော့်လက်အောက်မှာပင်ရှိ‌သည်။

Miracle Of Love (Complete)Where stories live. Discover now