part 12

961 55 14
                                    

Unicode

"အကိုထယ်ယောင်းရေ!!!"

လူမလာသေးဘဲအသံသာအရင်ရောက်လောသောမင်း
ဂျွန်းဘာဖြစ်မှန်းမသိအသည်းအသန်အော်နေတာ

"ငါဒီမှာရှိတယ်မင်ဂျွန်းရေ"

သူ့အရှေ့ကိုအလောတကြီးရောက်ချလာတဲ့သူ့ကြောင့်ကိုယ်မှာလန့်လာရသည်။ဘာများဖြစ်လို့လဲ အိမ်မှာမီးလောင်လို့လားးး?? အယ်.မဟုတ်တာ လျှောက်တွေးနေတာဘဲငါတော့!!

"ဘာဖြစ်လာတာလဲမင်ဂျွန်းအဆင်ပြေရဲ့လားး"

"ဟို ဟို "

"ကဲတစ်ဟိုဟိုနဲ့ဘာဖြစ်နေတာလဲ"

"အကိုဂျောင်ဂု ရောက်နေတယ်!"

"ဘာ!"

ဘယ်လိုဖြစ်ပြီးထပ်ရောက်လာတာပြန်လဲ?ငါ့ကိုအခုထိစိတ်ဒုက္ခ‌လိုက်ပေးနေတုန်းလားးး

"ဟုတ်တယ်အကိုထယ်ယောင်းသူအရှေ့မှာစောင့်နေတယ် ဘာကိစ္စလဲတော့မသိဘူးးးကျနော်ပြောတာလုံးဝမပြန်ဘူးးအကိုထယ်ယောင်းနဲ့ဘဲပြောချင်တာတဲ့"

"ဟုတ်ပြီငါအခုဘဲသွားလိုက်မယ်"

လုပ်လက်စအလုပ်တွေကိုချကာ ထွက်ခဲ့လိုက်သည်။အခုထိကိုသူကိုအလွတ်မပေးသေးဘူးဘဲ။

ခြံရှေ့မှာရပ်စောင့်နေတဲ့ဂျောင်ဂုကိုမြင်‌ေတာ့သက်ပျင်းချလိုက်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဘာကိစ္စလဲ ဒီကိုလာတာလဲ ဂျောင်ဂုရှီးး"

"ထယ် ကိုယ်တို့စကားခနပြောရအောင်"

သူ့ဘက်ကနေ လိုလိုလားတောင်းဆိုတာကိုထယ်ယောင်းနားမလည်စွာကြည့်နေမိသည်။

အခုကျမှဘာလို့ ကျနော့်နားကိုပြန်ကပ်ချင်နေရတာလဲ???

"က‌ျနော်ဘက်ကတော့ ပြောစရာမရှိဘူး ဂျွန်ဂျောင်ဂု ပြန်ပါတော့"

"ထယ် နေပါအုံး မင်းမသိသေးတဲ့အကြောင်းတွေပြောပြစရာအများကြီးရှိသေးတယ် ထယ်"

"ဒီမှာ ခင်ဗျားး အကိုထယ်ယောင်းကပြောစရာစကားမရှိဘူးလို့ပြောပြီးပြီမလားးး ပြန်တော့ "

ဘေးကနေကြည့်နေတဲ့မင်းဂျွန်းက စိတ်မရှည်တော့တာကြောင့်ဝင်ပြီးပြောတော့ ထယ်ယောင်းကအနောက်ကနေပြန်ဆွဲထားရလေသည်။ မင်ဂျွန်းက အရမ်းကိုစိတ်ကြီးတတ်သေးတာ

Miracle Of Love (Complete)Where stories live. Discover now