part 25

989 42 2
                                    

Unicode

"ဂျောင်ဂု!!"

"ဟီးး ထယ်"

"ဒါလုပ်နေကြတာလဲ ဟမ်!!"

"ဟို ဟို သမီးလေးက ပါပါးကုတင်မှာ အတူတူအိပ်ကြမယ်ဆိုပြီးခေါ်လာလို့ လိုက်လာတာ အခန်းထဲရောက်တော့ သမီးလေးကမအိပ်တော့ သူနဲ့အတူတူဆော့မိ...."

"တော်!!"

အပြင်လေးခနသွားမိပါတယ်။ အိမ်ပြန်ရောက်တော့ ဂျောင်ဂုနဲ့သမီးလေးက အခန်းထဲတွင် အားရပါးရဆော့နေတာ‌ကြောင့် ဒေါသကထွက်ရသည်။ အသန့်ကြိုက်တဲ့သူ့အတွက်က အိပ်ခန်းကအရေးကြီးဆုံးပင် အိပ်တဲ့မွေ့ယာမှာ ဖုန်နည်းနည်းတတ်နေတာ‌တောင်မုန်းတာကိုအခုကျ အားရပါးရ ကုတင်ပေါ်မှာမုန့်တွေပြန့်ကြဲ‌ နေကော ကစားစရာတွေလဲပွရူပ်လျက် ဆော့‌နေလိုက်ကြတာ....

သူအော်လိုက်တဲ့အသံကြောင့် ကုတင်ပေါ်တွင်မတ်တပ်ရပ်နေတဲ့သမီးလေး ‌ဖြေးဖြေးလေးထိုင်ချလိုက်ပြီး ဂျောင်ဂုနား‌တွင် ကပ်ထားလေသည်။ ဂျောင်ဂုကလည်း ရှိသမျှသွားအကုန်ဖြဲကာ ရီပြနေပုံမှာ အမြင်ကပ်စရာပင်။

"ထ အခုချက်ချင်းထကြ!!! အကုန်ပြန်ရှင်း တစ်ခုမကျန်ရှင်း အိပ်ယာခင်းတွေလည်း အကုန်ပြန်လဲ"

"ဟုတ်!!"

သမီးလေးနဲ့ ဂျောင်ဂုမှ ချက်ချင်းထကာ အကုန်ပြန်ရှင်းကြတော့သည်။ ထယ်လည်း သက်ပြင်းချကာ အိပ်ခန်းထဲမှာရှိတဲ့ ဆိုဖာမှာ ထိုင်ပြီး စောင့်ကြည့်နေလေရဲ့။ ထယ်ယောင်းစောင့်ကြည့်နေတာကြောင့် ဂျောင်ဂုတို့ သားအဖမှာ ခေါင်းလေးငုံ့ကာ ပြန်ရှင်းနေရသည်။ စီးပွားရေးလောကမှာ ဘယ်သူ့မှပြန်မလှန်ရဲသော J company ရဲ့ဥက္ကဌ‌ဂျွန်ဂျောင်ဂုက သူစကားတစ်ခွန်းဆို တစ်ခွန်းခေါင်းငုတ်ကာ လုပ်နေပုံကြောင့် ရီမိသည်။ ရှယ်ယာရှင်တွေနဲ့ စီးပွားဖက်တွေသာမြင်ရင် ယုံမှာမဟုတ်ပေ။

အောက်မှာပွကြဲနေတဲ့မုန့်တွေကို လိုက်ကောက်သိမ်းနေတဲ့ဂျောင်ဂုနားကို သမီးလေးက‌ဖြေးဖြေးလေး လာကာ နားအနားတိုးတိုးလေးကပ်ပြောလေသည်။

"Daddyက ပါပါးကိုကြောက်တာလားဟင်"

ဂျောင်ဂုမှာ သမီးရဲ့စကားကြောင့် ရင်ထဲနင့်သွားရသည်။ အမှန်တော့ ကြောက်တာ မဟုတ်ပါဘူးဗျာ..ချစ်ရတာပါ ချစ်လွန်းလို့ ဒီလို‌ တွေပြောစရာစကားနားထောင်နေတာပါနော်..

Miracle Of Love (Complete)Where stories live. Discover now