𝗧𝘄𝗼

80 20 8
                                    

ခပ်ပျစ်ပျစ် သွေးစတို့သည် နေရာအနှံ့ စီးဆင်း၏။ထိုတွင် လူတစ်ယောက် လဲကျနေသည်။

" ထပါဦး ထကြည့်ပါဦး "

သွေးစွန်းနေသော ဓားတစ်ချောင်းကို ကိုင်ကာရပ်နေသော မိန်းမတစ်ဦးသည် ထေ့လှောင်ကာ ပြုံး၏။ထိုမိန်းမသည် သူ့ရှေ့တိုးလာကာ ဓားဖြင့်သူ့ကို ရွယ်သည်။

ပါးစပ်မှ အာစေးကပ်သလို မအော်နိုင်ဘဲ ကျောက်ရုပ်တစ်ခုလို တောင့်တောင့်ကြီး ရပ်နေမိသည်။သူမ ရှေ့တိုးလာလေလေ မကောင်းတဲ့ အငွေ့အသက်တို့ကို ခံစားရလေ။

'ဇွတ်'

ဝမ်းဗိုက်ကို ဖောက်ဝင်သွားသော ဓားသွားနောက်တွင် အိုင်ထွန်းလာသည်က သွေးစက်တို့..

မရပ်မနား ထွက်လာသော သွေးတို့နောက်တွင် နာကျင်မှုတို့ ခံစားရသည်။တဆစ်ဆစ် နာကျင်မှုနဲ့အတူ အသက်ရှုလို့ မဝတော့။

" အား!! "

ကျယ်လောင်သော အော်သံသည် အိမ်ကြီးထဲတွင် ပဲ့တင်သံ ထပ်၏။

ထိုမပြီးဆုံးနိုင်သော အိမ်မက်ကို သူမက်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမလား။ပျောက်ကွယ်ဖို့ ဘယ်လောက်တောင် လိုသေးသလဲ။သူ့ကို ခြောက်လှန့်နေခဲ့တာ ယခုထိတိုင်။

အိပ်လို့မရတော့သလို ထုံးစံအတိုင်း အလုပ်ခန်းထဲ ဝင်လိုက်သည်။

လရောင်အောက်တွင် ပေါ်လွင်နေသော ပန်းချီကားများ။တချို့ကို အဝတ်စတို့ဖြင့် ဖုံးအုပ်ထားသည်။တချို့ကို သည်အတိုင်း ဖော်ပြထားသည်။

ညသန်းခေါင် ကန်းဗတ်စ်(Canvas) ဖြူဖြူပေါ်တွင် အဆက်မပြတ် ရေးဆွဲနေသော ပန်းချီကားသည်ကား....

.....

မစဲသောမိုးသည် မည်သည့်အငြိုးကြောင့်မသိ။မတိတ်နိုင်ဘဲ ဆက်လက်ရွာသွန်းနေ၏။

" မုန်တိုင်း ရှိတယ်တဲ့ သားငယ် အလုပ်မသွားဘူးမလား? "

" ဒီနေ့ဆိုင်ပိတ်တယ် အဖေ "

အဖေက ခေါင်းကို ငြိမ့်ကာ အခန်းထဲ ဝင်သွားသည်။

တစ်ကယ်တမ်းပြောရင် သူတို့မှာ စားလောက်တဲ့ စည်းစိမ်တွေ ရှိပေမယ့် စည်းကမ်းကြီးတဲ့ မိဘတွေက အလုပ်တစ်ခုကို လုပ်စေတယ်။ပိုက်ဆံလိုလို့ မဟုတ်ဘဲ လုပ်အားတန်ဖိုးကို သိရအောင် လုပ်ခိုင်းတာ ဖြစ်တယ်။

// 𝘚𝘖𝘜𝘓𝘔𝘈𝘛𝘌 //Where stories live. Discover now