𝗧𝗵𝗿𝗲𝗲

72 17 5
                                    

သီချင်းသံ တိုးတိုးသည် ခပ်လွင်လွင် ပျံ့၏။အမည်မသိ မွှေးပျံ့ပျံ့အနံ့တစ်မျိုးသည် ပန်းလှလှတို့မှ ထွက်ပေါ်လာသည်။

ခပ်ဖြူဖြူ ဆိုင်အပြင်အဆင်မှာ ရိုးစင်းလွန်းပေမယ့် တစ်မျိုးတစ်ဖုံလည်း ကြည့်လို့ကောင်းနေပြန်သည်။အညိုရောင်ဘုတ်ပြားလေးတစ်ချပ်မှာ ရေးထားတာက " စားပွဲထိုး တစ်ဦးအလိုရှိသည် " ထိုမျှသာ။

ဆိုင်ပိတ်ချိန်ရောက်တော့မည် မို့လို့လားမသိ။လူအနည်းငယ်သာ တွေ့ရ၏။

အချိန်မဆိုင်းဘဲ သွက်သွက် ဝင်ထိုင်ကာ မီနူးကတ်ကို ကြည့်လိုက်သည်။ဖြူနုသော ခြေထောက်တစ်စုံက ကိုယ့်ရှေ့မှာ လာရပ်လို့ မော့်ကြည့်လိုက်တော့ သူမှသူ အစစ်။သူကလည်း အနည်းငယ် အံ့ဩနေပုံရပေမယ့် စက္ကန့်ပိုင်းအတွင်း ပြုံးပြကာ..

" ဘာမှာမလဲ ထယ်ဟျွန်းရှီးး "

မျက်ဝန်းညိုညိုလေးထဲ နစ်မျောနေခဲ့တဲ့ ကိုယ်က ပြန်မဖြေနိုင်ခဲ့ပါ။ပျော်နေခဲ့တာပေါ့။သူက ကိုယ့်ကို မှတ်မိတယ် တယ်လေ။မေ့သွားမှာကို ကြောက်နေခဲ့တာ။

" ထယ်ဟျွန်းရှီး "

" အာ လက်တေး(Latte)တစ်ခွက် ပေးပါ "

" ဟုတ်ကဲ့ "

ထွက်ခွာသွားတဲ့ သူ့ကျောပြင်လေးက ကောင်တာဆီကို ဖြစ်သည်။ဒီမှာ အလုပ်လုပ်တယ် ထင်တယ်။ကောင်ငယ်လေးက ကောင်တာဆီကနေ တခြားဝိုင်းတွေထိ သွားပြီး ကော်ဖီခွက်တွေ ချပေးနေခဲ့သည်။

အနည်းငယ်တော့ ကိုယ် မနာလိုမိတာပေါ့။ခုနကလို အပြုံးလှလှလေးတွေကို ကိုယ်တစ်ယောက်တည်း ရတာမဟုတ်ဘဲ ဆိုင်ကို လာတဲ့လူတိုင်း ရမှာဆိုတော့လေ။

" ဟဲ့ ဘောမ်ဂယူ နင်နဲ့ ဟိုနားက တစ်ယောက်နဲ့ သိတာလား? "

ဆိုင်ရှင်အစ်မရဲ့ စကားကြောင့် ဘောမ်ဂယူကြည့်တော့ ထယ်ဟျွန်းက သူတို့ကို စိုက်ကြည့်နေတာ မြင်ရသည်။သို့ပေမယ့် လုံးဝကို မျက်စိလွှဲ မသွားခဲ့။

" ဘာဖြစ်လို့လဲ အစ်မရဲ့ "

" နင့်ကို တောက်လျှောက် လိုက်ကြည့်နေတာလေ အခုလည်း ကြည့်နေသေးတယ် ငါတောင် ကြက်သီးတွေထလာပြီ "

// 𝘚𝘖𝘜𝘓𝘔𝘈𝘛𝘌 //Where stories live. Discover now