မမသည်သာကိုးကွယ်ရာ(Part-1)

5.4K 150 6
                                    

မေအက္ခရာ+နှင်းပွင့်ဟန်

"သမီး နောက်တစ်ပတ်နေရင် ကျောင်းတွေပြန်ဖွင့်တော့မယ် သမီးအတွက်ဖေဖေတို့ Guideဆရာမခေါ်ပေးထားတယ်"

"ဟာ ဖေဖေကလည်း သမီးကျူရှင်ပဲတက်ချင်ပါတယ်ဆို"

"ဒီမှာသမီး မနှစ်ကလည်းဖေဖေတို့ သမီးကိုအလိုလိုက်ပြီးသမီးစိတ်ကြိုက်ကျူရှင်ထားပေးခဲ့ပြီးပြီ ဒါပေမယ့်ရလဒ်ကသမီး၁၀တန်းကျတယ်လေ ဒီနှစ်တော့ဖေဖေတို့ပြောတဲ့အတိုင်းပဲလုပ်ပါ ဖေဖေစကားအများကြီးမပြောချင်ဘူး"

"မသိဘူးမသိဘူး လုပ်ချင်တာသာလုပ်ကြတော့"
နှင်းပွင့်ဟန်စိတ်ဆိုးပြီး ဆောင့်အောင့်ကာ အခန်းထဲဝင်သွားတော့သည် အမှန်တော့နှင်းကဉာဏ်ကောင်းပါတယ် စာမ
လုပ်ချင်ပဲပျင်းတာလေးတစ်ခုပဲ နှင်းကအရမ်းဆိုးတယ် အရွဲ့လည်းတိုက်
တတ်သေးတယ်

"သမီး ဒါသမီးကိုစာသင်ပေးမယ့်ဂိုက်ဆရာမ ဒေါ်မေအက္ခရာတဲ့ မှတ်ထားနော်"
နှင်းဖေဖေ့စကားကြောင့်မော့ကြည့်လိုက်မိသည် ဆရာမ
အိမ်ရောက်လာကတည်းက နှင်းကြမ်းပြင်ကိုသာစိုက်ကြည့်ပြီး ထိုင်ခုံနောက်ကျောကိုမှီနေခဲ့သည် နှင်းပုံစံကမခန့်လေးစားပုံပေါက်နေသည်

"သိပ်လှတာပဲ"နှင်းစိတ်ထဲမှရွေရွတ်လိုက်မိသည်
ဒေါ်မေအက္ခရာပုံစံကယဉ်သည် သူ့အလှကမြန်မာဆန်သည် မြင်လိုက်တာနဲ့ကျက်သရေရှိသည် အသားဖြူဖြူဖွေးဖွေး
နှင့် ကြည့်ရတာ၃၀လောက်တော့ရှိမည်ထင်သည်

"သူလှတာငါဘာလုပ်ရမှာလဲ ငါ့ရဲ့ပလန်ကသူ့ကိုစာမသင်
နိုင်တော့ပဲ ထွက်သွားအောင်လုပ်ရမယ်"နှင်းတစ်ယောက်သူ့အကြံနှင့်သူဟုတ်နေသည်

"သမီး မေလေးရေ အန်ကယ်တို့သမီးလေးကအရမ်းဆိုးတာ ထိန်းပေးပါဦးနော် သမီးလက်ထဲအပ်ပါတယ်"

"စိတ်ချပါအန်ကယ်"

"အဲ့ဒါဆိုသမီးတို့စာသွားသင်ကြတော့နော် အန်ကယ်စာကြည့်ခန်းထဲမှာပြင်ပေးထားတယ်"

"နာမည်ကနှင်းပွင့်ဟန်နော်"

"ဟုတ်"

"မနှစ်ကဘယ်ဘာသာတွေကျတာလဲ"

"maths,chem,phys"

"3ဘာသာတောင်ကျတာ စာမလုပ်ဘူးလား"

"အင်း"

"ကဲ ထားပါ အရင်ကစာမလုပ်ခဲ့လည်း ခုစာလုပ်ရတော့မယ် တီချယ်ကဆုပေးဒဏ်ပေးစနစ်ကိုကျင့်သုံးမယ်
သမီးစာရတယ်ဆိုရင် မုန့်ဝယ်ကျွေးတာဖြစ်ဖြစ် သမီးအသုံးတည့်မယ့်ဟာတစ်ခုခုဝယ်ပေးမယ် ဒဏ်ပေးတာကတော့ဆူသင့်ရင်ဆူမယ် ရိုက်သင့်ရင်ရိုက်မယ် ခုတော့စာအုပ်ထုတ် စည်းကမ်းချက်တွေလိုက်ရေး

"1.ကျောင်းမပြေးရကျောင်းမလစ်ရ
2.လိမ်မပြောရ
3.အိမ်စာပေးထားလျှင်သေချာလုပ်ရမည်
4.ဆရာမစကားကိုနားထောင်ရမည်
5.စာကြည့်ခန်းအတွင်းစာသင်ချိန်အမှီကြိုရောက်နှင့်ရမည်
6.အပြစ်ရှိလျှင်အပြစ်ပေးတာကိုကောင်းမွန်စွာနာခံရမည်"

"ကဲ ရပြီ မနက်ဖြန်ကျရင်အိမ်ကိုကြိမ်လုံးsizeစုံ3,4ချောင်းဝယ်ခိုင်းထားလိုက်"

"ရှင်"

"မရှင်နဲ့ စာသင်မယ်စာအုပ်ထုတ်"
............

"ဒီနေ့တော့ဒီလောက်ပဲ အိမ်စာပေးခဲ့မယ် ch1 phys definition 10ပုဒ်အလွတ်ကျက်ထားမယ် နက်ဖြန်ဆရာမလာရင်ရေးမယ်"

"သူခိုင်းတိုင်းလုပ်စရာလား များများအရွဲ့တိုက်ပြမှဆရာမကစိတ်ညစ်ပြီးမြန်မြန်စာမသင်ပေးတော့မှာ"

"ငါရိုက်ခံရရင်ကော ပူစရာမလိုပါဘူးသူဝယ်ခိုင်းထားတဲ့
ကြိမ်လုံးမဝယ်ရင်ရိုက်ခံရစရာလည်းမလိုတော့ဘူး တယ်တော်တဲ့ငါပါလား"

ပထမဆုံးအကြိမ်ရေးတဲ့ficလေးမို့လိုအပ်ချက်လေးတွေရှိ
ရင်နားလည်ပေးကြပါနော် မှန်မှန်upပေးနိုင်အောင်ကြိုးစားပါ့မယ်🥰

မမသည်သာကိုးကွယ်ရာWhere stories live. Discover now