မမသည်သာကိုးကွယ်ရာ(Part-3)

2.6K 126 6
                                    

မေအက္ခရာ+နှင်းပွင့်ဟန်

"တော်လိုက်တာ တီချယ့်သမီးလေးက"
မေ စာစစ်ရင်းပြောလိုက်သည်

"ဟီး"

"စာကြိုးစားနော် တီချယ်ကဆိုးတဲ့ကလေးတွေဆိုမ
ချစ်ဘူး"

"သမီးစာကြိုးစားပါ့မယ် တီချယ်ကလည်း"

"ဟုတ်ပါပြီရှင် အဲ့ဒါတွေကြောင့်ချစ်နေရတာ"

*တီချယ်ကတော့ ချစ်တယ်လို့ရိုးရိုးလေးပြောလိုက်တာပဲ သမီးရင်ထဲမှာတော့ ဗလောင်ဆူနေပြီ*

"တီချယ်ပြောထားသလိုပဲ ဆုပေးဒဏ်ပေးစနစ်ဆိုတော့ အခုဆုချရမှာပေါ့ သမီးဘာစားချင်လဲ"

"မာလာရှမ်းကော"

"ဟုတ်ပြီ ဘယ်ဆိုင်က စားမှာလဲ"

"Spicy Potကအမဲသားနဲ့အထုံလျော့စပ်စပ်လေး"

"ဘာကိုစပ်စပ်လေးလဲ အစပ်တွေအများကြီး မစားရဘူးသမီးရဲ့ အစာအိမ်အတွက်မကောင်းဘူး တီချယ်အစပ်လျော့ပြီးမှာလိုက်မယ်နော်"

"ဟွန့် ဟုတ်"

"နှင်းပွင့်ဟန်"

"မျက်နှာဘေးတွေကိုပြင်ထားနော် အဲ့ရုပ်ကဘာဖြစ်နေတာလဲ
ဆူပုတ်ပုတ်နဲ့ အရိုက်ခံချင်တာလား"

"ဟဲဟဲ တီချယ်ကလည်း သမီးကစတာပါ"

*စတာမဟုတ်ဘူး အတည်လို့လည်း သွားမပြောရဲဘူး တီချယ့်
ကြိမ်လုံးတွေကို ကြောက်ရတယ်လေ*

"ပြောမယ့်သာပြောတာပါ အခုလိုတီချယ့်ဆီက ဂရု
စိုက်တာခံရတော့လည်း နှင်းစိတ်ထဲမှာ ကြိတ်ပျော်နေမိတယ်"

"သမီးလေးရေ နှင်း အောက်မှာdeliveryနဲ့မုန့်ပို့ထားတာရောက်တယ်"

"ဟုတ်ကဲ့ကြီးမြ အပေါ်ကိုယူခဲ့ပေးနော်"

"တီချယ် တီချယ်လည်းစားလေ"

"သမီးပဲဝအောင်စားပါ အားရှိမှတီချယ်ရိုက်ရင်ခံနိုင်ရည်ရှိမှာ"

"အဟွတ်အဟွတ်"

မုန့်စားရင်းသီးသွားသော နှင်းကြောင့် မေရယ်ချင်စိတ်ကိုမနည်းထိန်းလိုက်ရသည်

"တီချယ်ကလည်း သမီးကိုမြိုမကျအောင် လုပ်နေပြန်ပြီ"

"တီချယ်ကအလကားနောက်တာ ဝအောင်စား"

"အိုင်းယား စားလို့ကောင်းလိုက်တာ အရသာကိုရှိနေတာပဲ ကျွေးတဲ့သူကစေတနာမပါလို့ဖြစ်မယ်"

"ခွပ်"

"အား လက်သံကလည်းပြောင်လိုက်တာ သမီးကဒါလေးပြောတာကို ခေါက်ချလိုက်တာ သမီးခေါင်းလေး အာလူးဘူးသီးတွေ ထွက်သွားပြီလားတောင်မသိဘူး"

"လူကြီးကိုနောက်စရာများမှတ်နေလား"

"တီချယ်ကျသမီးကိုလိုက်စနေပြီးတော့"

"မေ နှင်းဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်ပြန်သည်"

"အား သေပါပြီ ဗိုက်ကြောတွေတောင် ပြတ်ထွက်ကုန်ပြီလားမသိဘူး"

"နောက်ခါဆိုတီချယ်နဲ့ စကားနိုင်မလုရဲတော့ဘူး ပြီးရင်သမီးပဲခံရတာ"

"ပွစိပွစိပြောကာ သူ့ရဲ့ဗိုက်နဲ့ခေါင်းကို လက်တစ်ဘက်စီနဲ့ကိုင်ကာ
ပွတ်နေသောနှင်းပုံစံမှာ ချစ်စရာကောင်းလွန်သည် ဟုသာမေ
ရွေရွတ်နေလိုက်မိသည်"

ဝါသနာအရရေးတာမို့ လိုအပ်ချက်လေးတွေရှိရင်နားလည်ပေးကြပါနော် အားပေးကြပါဦးရှင့်🥰

မမသည်သာကိုးကွယ်ရာWhere stories live. Discover now