မမသည်သာကိုးကွယ်ရာ(Part-6)

2.3K 110 4
                                    

မေအက္ခရာ+နှင်းပွင့်ဟန်

"သမီးအတွက်လက်ဆောင် တော်လို့ဆုချတာ"

"ဘာဗူးလေးလဲတီချယ်"

"ဖွင့်ကြည့်လေ"

"အယ် နာရီဗူးလေး"

"အချိန်မလေးစားတတ်တဲ့ ရှင်လေးအတွက်"

"Alexandre  Christieဆိုတော့အရမ်းစျေးကြီးမှာပဲနော်"

"မကြီးပါဘူး တီချယ်ကချစ်လို့ဝယ်ပေးတာ သမီးအသုံးတည့်မယ်
ထင်လို့"

"အဟင့်"

"ဟောတော် ဘာလို့ငိုနေတာတုန်း"

"သမီးဝမ်းနည်းလို့ပါ သမီးကတီချယ်စကားဆို အမြဲနားမထောင်မိနေတာ တီချယ်ကကျ သမီးအပေါ်စေတနာထားတယ်"

"သမီးကလိမ္မာပါတယ် ခုတောင်ကြည့်ပါလား စာကြိုးစားထားတာ"

"တီချယ်စေတနာတွေကိုနားလည်ရင် ခုထက်ပိုပြီးလိမ္မာတဲ့ ကလေးလေးဖြစ်အောင်နေနော်"

"ဟုတ်"

"နာရီလေးစမ်းပတ်ကြည့်ပါဦး"

"ဟယ်လှလိုက်တာ တီချယ့်သမီးလက်လေးနဲ့ အရောင်ကိုဟပ်နေရော"

"သမီးကြိုက်ရဲ့လား"

"မေးစရာကိုမလိုတာ ကြိုက်မှကြိုက်"

"ကျေးဇူးပါနော်တီချယ်"

"ကျေးဇူးတင်ခံရတာ မကြိုက်ပါဘူးနော် သူစိမ်းဆန်သလိုခံစားရလို့"

"ဟုတ် အဲ့ဒါဆိုမကျေးဇူး"

"တယ် ဒီကလေးငါခေါက်လိုက်ရ"
အရယ်အပြုံးနည်းသောမေတစ်ယောက် နှင်းနဲ့သာဆိုအမြဲရယ်မောပြုံးပျော်နေတတ်သည် ဒါအချစ်ကပေးတဲ့စွမ်းအင်များလား

ဒီနေ့ကစနေနေ့ပိတ်ရက်ဖြစ်တော့ မေတို့အိမ်မှာအုန်းနို့ခေါက်ဆွဲ
ချက်တယ်

"ဟာ မွှေးနေတာပဲ မာမီဘာတွေချက်နေတာလဲ"

"အုန်းနို့ခေါက်ဆွဲချက်နေတာသမီး"

"အတော်ပဲ ဟိုကလေးမအိမ်ကိုလည်း သွားပို့ပေးရ
မယ်"

"အမလေး သူတပည့်ကိုချစ်နေလိုက်တာများ"

"မဟုတ်ပါဘူးနော် သမီးကအန်ကယ်နဲ့အန်တီကိုစားစေချင်လို့ပါ"

"ငါညည်းကိုမွေးထားတဲ့အမေပါအေ အပိုတွေပြောမနေစမ်းပါနဲ့"

"ဟီး မာမီ ရရင်ချိုင့်လေးနဲ့ ထည့်ပေးထားနော် သမီးအဝတ်အစားသွားလဲလိုက်ဦးမယ်"

မုန့်လာပို့ရင်း ကားပေါ်ကနေ ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မေတစ်ယောက်ဒေါသတွေထွက်လာသည်

"နှင်းပွင့်ဟန် လာ တီချယ်နဲ့လိုက်ခဲ့"

"ဟော သမီးမေလည်းပါလာတာကိုး မေ့မာမီတို့ရောနေကောင်း
တယ်မို့လား"

"ကောင်းပါတယ်အန်ကယ် သမီးတို့အိမ်မှာဒီနေ့အုန်းနို့ခေါက်ဆွဲ
ချက်လို့လာပို့ပေးတာ လမ်းမှာနှင်းကိုတွေ့တာနဲ့တစ်ခါတည်း
ဝင်ခေါ်ခဲ့တာ"

"သမီးတို့အပေါ်ခဏသွားဦးမယ်နော်အန်ကယ် ဒင်းလေးနဲ့ရှင်းစရာရှိလို့"

"အေးအေးသမီး အုန်းနို့ခေါက်ဆွဲအတွက်လည်းသန့်ခယူပါ"

"မေကြီးရေ မင်းသမီးဘာပြဿနာ ရှာထားပြန်ပြီလဲမသိဘူး ဒီဆရာတပည့်နှစ်ယောက်ကတော့ လိုက်လည်းလိုက်ပါတယ်"

"ပြောပါဦး ခုနကတွေ့ခဲ့တဲ့ ကောင်လေးကဘယ်သူလဲ"
မေမျက်စောင်းထိုးကာမေးလိုက်သည်

"ဟို ဒီတိုင်းမနက်ခင်း လမ်းလျှောက်ထွက်ကြရင်းသိတာပါ"

"ရီမောနေလိုက်ကြတာများ မြင်လို့တောင်မကောင်းဘူး"

"နောက်ခါကောင်လေးတွေနဲ့ အရောတဝင်မနေနဲ့ တီချယ်မကြိုက်ဘူး"

"ဟုတ်"

"ငါမကြိုက်တာလုပ်တဲ့မင်းကို အပြစ်ပေးရမယ်"

"ဟင် တီချယ်"

"ဒူးထောက်လက်မြှောက်ထား"

"ငါမရပ်ခိုင်းမချင်း မရပ်နဲ့"

"တီချယ်ကလည်း သမီးဒီတိုင်းစကားလေးပြောမိတာကို"

"မရှည်နဲ့ ငါကဆရာလားမင်းကဆရာလား"
အမှန်တော့မေတစ်ယောက်အူတိုနေတာပါ ဘာမှလည်းမဆိုင်ပဲနဲ့
ကလေးကို

ဝါသနာအရရေးတာမို့ လိုအပ်ချက်လေးတွေရှိရင်
နားလည်ပေးကြပါ🥰

မမသည်သာကိုးကွယ်ရာМесто, где живут истории. Откройте их для себя