မမသည်သာကိုးကွယ်ရာ(Part-2)

3K 143 6
                                    

မေအက္ခရာ+နှင်းပွင့်ဟန်

နှင်း တိုင်ကပ်နာရီကိုကြည့်လိုက်တော့ နေ့လယ်1နာရီထိုးဖို့
၁၅မိနစ်အလို

"အင်း ဆရာမလာဖို့ ၁၅မိနစ်ပဲကျန်တော့တယ် လူကလည်းညက
ကိုရီးယားကားကြည့်ထားတော့ အိပ်ရေးကမဝသေးဘူး
အရွဲ့တိုက်ပြီးတစ်ရေးလောက်အိပ်လိုက်ဦးမယ် ဒါမှဆရာမငါ့ကို
မြန်မြန်စိတ်ပျက်သွားမှာ"

မေအက္ခရာတစ်ယောက် လက်ကလက်ပတ်နာရီကိုကြည့်ကာ ဒေါသထွက်နေလေပြီ ခုဆို မေစောင့်နေရတာ တစ်နာရီတောင်ရှိသွားပြီ

"ဒေါက် ဒေါက်"

"ဘယ်သူလဲ"

"ကြီးမြပါ ဆရာမလေးက သူစာသင်ခန်းထဲမှာစောင့်နေတယ် ခုလာခဲ့ပါလို့ခေါ်ခိုင်းလိုက်လို့"

"ဟုတ် ဟုတ် သမီးအခုသွားလိုက်မယ်နော်"

နှင်းတစ်ယောက် ကမန်းကတန်းထပြေးကာ စာကြည့်ခန်းထဲဝင်သွားရင်းစာသင်ခုံတွင်ထိုင်ရန်ပြင်လိုက်သည်

"မင်းကိုဘယ်သူကထိုင်ခိုင်းလို့လဲ"

"ခုချက်ချင်းထ မတ်တပ်ရပ်လက်ပိုက်"

"ဘာလို့နောက်ကျနေတာလဲ"

"သမီးအိပ်ပျော်သွားလို့ပါ"

"ငါဘာပြောထားလဲ"

"နောက်မကျရဘူးလို့ပြောထားပါတယ်"

"မင်းမှာအပြစ်ရှိလားမရှိဘူးလား"

"ရှိပါတယ် သမီးတောင်းပန်ပါတယ်"

"ဒီတစ်ခါတော့ပထမဆုံးအကြိမ်မလို့ငါမရိုက်တော့ဘူး ၁မိနစ်ကို
တစ်ကြိမ်နှုန်းနဲ့ မိနစ်60နောက်ကျတာဆိုတော့ ထိုင်ထအခါ60လုပ်"

"ရှင်"

နှင်းတစ်ယောက်မှန်းချက်နှင့်နှမ်းထွက်မကိုက်တော့ပေ

"အောက်ထိထိုင်ချမယ် အမှတ်စဉ်မှားရင် အစကပြန်လုပ်ရမယ် တစ်ခါလုပ်ပြီးတိုင်း နောက်ခါစာသင်ချိန်နောက်မကျတော့ပါဘူးလို့အော်ရမယ်"

"၁"
နောက်ခါစာသင်ချိန်နောက်မကျတော့ပါဘူး

"၂"
နောက်ခါစာသင်ချိန်နောက်မကျတော့ပါဘူး

မမသည်သာကိုးကွယ်ရာWhere stories live. Discover now