မမသည်သာကိုးကွယ်ရာ(Part-9)

2.1K 97 1
                                    

မေအက္ခရာ+နှင်းပွင့်ဟန်

အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးလာလိုက်တာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုရတော့မယ့် ရက်တောင်နီးလာပြီ

"သမီးရယ် စာလုပ်တာလည်းလုပ်တာပေါ့ လူလည်းခဏအနားပေးဦး  တော်ကြာကျန်းမာရေးထိခိုက်လိမ့်မယ်"

"ဟုတ်ကဲ့ပါမာမီရဲ့"

"သမီးကိုကျေးဇူးလည်းတင်တယ် မာမီတို့ဂုဏ်ယူရအောင် ကြိုးစားပေးနေလို့"
တကယ်တော့နှင်း စာအသေကြိုးစားနေတာ မိဘတွေဂုဏ်တက်
အောင်လည်းပါပေမယ့် မမဆီကအဖြေရဖို့ကအဓိကပေါ့လေ

"ဟယ်လို သမီး"

"ဟုတ်တီချယ် ပြောပါ"

"ဒီနေ့ကမြန်မာစာ စဖြေရမှာဆိုတော့ စာရေးကိရိယာတွေစုံလား သေချာစစ်သွားနော် သေချာလည်းဖြေခဲ့ဦး"

"အကုန်စုံတယ်တီချယ် စာမေးပွဲဖြေခါနီး တီချယ့်ဆီက ခုလိုစကားသံလေးတွေကြားရတာ အားကိုရှိသွားတာပဲ"

"ဟုတ်ပါပြီရှင် တီချယ်ဖုန်းချလိုက်တော့မယ်နော်"

စာမေးပွဲဖြေပြီး နောက်ဆုံးရက်ဆိုတော့ နှင်းအရမ်းပျော်တယ်
တီချယ်ဆီကိုဖုန်းဆက်ရမယ်

"ဟယ်လို တီချယ်"

"ဖြေနိုင်လားသမီး"

"အေးဆေးပဲ လွယ်လွယ်လေးတွေ ဂုဏ်ထူးမှတ်ကတော့အသာလေး"

"အပြောမကြီးပါနဲ့ဦး အောင်စာရင်းထွက်မှ ကြည့်ကြသေးတာပေါ့"

"ဒါနဲ့ တီချယ့်သမီးလေးတောင် စာတွေနဲ့နပန်းလုံးရတာ ပင်ပန်းသွားပြီ ပြင်ဦးလွင်ကို အပန်းဖြေခရီးထွက်ကြမလား"

"တကယ်လားတီချယ် သမီးကတီချယ်နဲ့ နှစ်ယောက်တည်းသွား
ချင်တာ"

"ဖြစ်စေရမှာပေါ့ တီချယ်ဒီအပတ်စနေလာခေါ်မယ်"

"ရေးး ဒါမှတို့တီချယ်ကွ"


"သမီးထတော့ ပြင်ဦးလွင်ရောက်ပြီ"
မေ မောင်းတဲ့ကားဘေးကနေ အိပ်လိုက်လာတဲ့နှင်းပါ

"ဝါး အိပ်လို့ကောင်းလိုက်တာ တီချယ် သမီးတို့ဘယ်အရင်သွားကြမှာလဲ"

"လောလောဆယ်တော့ ဟိုတယ်မှာအခန်းယူပြီး ခဏနားရအောင် ခရီးပန်းလာတာဆိုတော့"

"ပြီးမှပြည်ချစ်ဘုရားသွားကြမယ်"

"ဟုတ် တီချယ်"

~~~~~~~
"တီချယ် တီချယ်"

"ပိုက်ဆံတူတူလှူရအောင်နော် နောင်ဘဝတွေကျလည်းတီချယ်နဲ့
ရေစက်ပြန်ဆုံချင်လို့"

"ဟုတ်ပါပြီရှင်"

"ညီမလေး အစ်မတို့ရွှေသင်္ကန်းကပ်ဖို့၃သောင်း
လှူချင်လို့"

"ဟုတ်ရပါတယ်ရှင့် နာမည်ဘယ်လိုရေးပေးရမလဲ"

"မေအက္ခရာ+နှင်းပွင့်ဟန်လို့ရေးပေးနော်"

"တီချယ်ကတော့ သမီးအသည်းကို ခြွေပြီးရင်းခြွေနေတော့တာပဲ အဲ့အတိုင်းလေး တကယ်ဖြစ်ရင်သိပ်ကောင်းမှာပဲ"

"လာ လာ ခုတော့ခေါင်းလောင်းသွားထိုးကြရအောင်"

"နှင်းပွင့်ဟန်ရေ ကြာလိုက်တာ ညစျေးလေးသွားဖို့ကို
ပြင်နေတာမပြီးတော့ဘူး"

"လာပါပြီတီချယ်ရဲ့"

"တီချယ် မောက်ချိုက်စားချင်လို့"

"စားစား ဝင်ထိုင်"

"တီချယ် ပူတင်းစားဦးမယ်"

"ဝယ်ဝယ်"

"တီချယ် spicyကြက်ကြော်စားချင်လို့"

"နှင်းပွင့်ဟန်ရေ တော်ပြီ ခုနကမှအပူအစပ်တွေစားထားတာကို"

"တီချယ်ကလည်း စားချင်ပါတယ်ဆို"

"မစားရဘူး"

"တီချယ်လို့"

"ထပ်မပြောနဲ့နော် လူကြားထဲအရိုက်ခံချင်တာလား"

"လူတွေရှိတယ်ဆိုပြီး ငါ့ကိုမရိုက်ဘူးမထင်နဲ့နော် တွေ့ရာကောက်ဆွဲရိုက်မှာ"

"ဟွန့်"

"လာ ကျန်တဲ့ဟာစား လိုက်ကျွေးမယ်"

ဝါသနာအရရေးတာမလို့ လိုအပ်ချက်လေးတွေရှိရင်
နားလည်ပေးကြပါ🥰

မမသည်သာကိုးကွယ်ရာWhere stories live. Discover now