ᴄᴀɴ ʏᴏᴜ ʙᴇ ᴍʏ ᴏᴍᴇɢᴀ?

239 28 5
                                    

Unicode✅

⚠️အဆင်ပြေမှဖတ်ကြပါဒီထဲမှာအနည်းငယ်ရိုင်းတဲ့အသုံးအနှုန်းလေးတွေပါတာကြောင့်မကြိုက်ရင်မဖတ်ကြဖို့တောင်းဆိုပါတယ် idol imageများကိုထိခိုက်လိုစိတ်မရှိပါ⚠️

ယခုမှကျောင်းအသစ်ကိုပြောင်းလာပါသောကောင်လေးတစ်ယောက်...။ကောင်လေးရဲ့ပုံစံမှာဘယ်သူ့ကိုမှဂရုစိုက်ပုံမပေါ်။ပီကေကိုသာတဖြောက်ဖြောက်ဝါးရင်းဘောင်းဘီအိတ်ကပ်ထဲလက်နိုက်ကာတစ်လှမ်းချင်းလျှောက်လာပုံကမိန်းကလေးတွေအတွက်တော့ငေးကြည့်ချင်စရာဆိုပင်မဲ့ယောက်ကျားလေးတွေအတွက်တော့အမြင်ကပ်ချင်စရာ..။

"ကျောင်းကမိန်းကလေးတွေကအဲ့လိုပုံစံတွေဘဲလား စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ယောက်ကျားလေးတစ်ယောက်ကိုအဲ့လောက်ကြည့်စရာလိုလို့လား"

စိတ်ရှုပ်ရှုပ်နဲ့ခပ်တိုးတိုးထွက်လာခဲ့တဲ့စကားသံ။ကျောင်းကAlpha Pheromonesနဲ့Omegaတွေရဲ့Pheromonesနဲ့တွေရောထွေးနေသည်။

ကိုယ်နေရမဲ့အခန်းကိုသာရှာရင်းသွားနေမိသည်။ငါးမိနစ်လောက်နေတော့ရောက်ပြီ။အခန်းထဲတွင်လူသိပ်မရှိ အရှေ့တွင်ထိုင်ပြီးအနောက်ကကောင်လေးနှင့်စကားပြောနေတဲ့ကောင်လေးနှစ်ယောက်ရယ် နှစ်ခမ်းလေးဆူကာဖုန်းသုံးနေတဲ့ကောင်လေးရယ်နဲ့သူအပါအဝင်ဆိုရင်လေးယောက်သာရှိသည်။

ကျန်တဲ့ခုံတွေအကုန်လုံးကလွယ်အိတ်တွေနဲ့ပြည့်နေတာကြောင့်လွတ်နေတဲ့နေရာကိုလှည့်ရှာကြည့်တော့နှစ်ခမ်းလေးဆူပြီးဖုန်းသုံးနေတဲ့ကောင်လေးရဲ့ဘေးနားမှာဘဲနေရာကလွတ်သည်။

"ဟိတ် ဒီနေရာလွတ်လား"

"အင်း"

"အင်း"ဟုတစ်လုံးတည်းပြောပြီးခေါင်းလေးငြိမ့်ပြလာကာဖုန်းဆက်သုံးနေတဲ့ကောင်လေး။ထိုကောင်လေးဘေးနားဝင်ထိုင်လိုက်ကာလွယ်အိတ်ထဲကနေပါလာတဲ့စာအုပ်ထုတ်လိုက်ပြီးဖတ်နေလိုက်သည်။အချိန်တွေဘယ်လောက်ကြာသွားသလည်းသူမသိသူ့ရဲ့လက်ကိုတစ်ခုခုကလာတို့သလိုခံစားလိုက်ရတာကြောင့်ဘေးကိုကြည့်လိုက်တော့ခုနကဖုန်းသုံးနေတဲ့ကောင်လေးကသူ့ရဲ့လက်မောင်းကိုလက်လေးတွေနဲ့တို့နေတာဖြစ်သည်။

ᴄᴀɴ ʏᴏᴜ ʙᴇ ᴍʏ ᴏᴍᴇɢᴀ? Where stories live. Discover now