ᴄᴀɴ ʏᴏᴜ ʙᴇ ᴍʏ ᴏᴍᴇɢᴀ? <final>

73 4 0
                                    

Unicode✅

(ဒီအပိုင်းမှာ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါပါတယ်ဗျ ဥပမာ-အခြောက်တို့ဘာတို့ပြောတာကိုsensitivityဖြစ်တဲ့လူတွေဒီအပိုင်းကိုမဖတ်တာကောင်းပါတယ်ဗျ)

"ကိုကို!"

လက်လေးတစ်ဖက်ကိုဆောင့်ဆွဲလိုက်ရင်း ခန္ဓာကိုယ်ငယ်ကိုရင်ခွင်ထဲထည့်ကာတင်းကျပ်နေအောင်ဖက်တွယ်ထားမိသည်။

"လွှတ်! မင်းကြောင့်ဘဲ အဟင့်"

"ကိုကို!"

"မင်းကြောင့်"

"ကိုကို! ကျွန်တော့်ကိုကြည့် ဘာတွေကမှားနေလို့လည်း ဟမ် ကျွန်တော်ကိုကို့ ကိုချစ်နေမိတာကမှားနေတာဘဲလား"

"........."

ငိုသာငိုနေပြီး ဘာစကားမှပြန်မလာတဲ့သူလေး။

"ဖြေလေ ကိုကို! ကိုကို့ ကိုကျွန်တော်ချစ်နေမိတာကမှားလို့လား လူတစ်ယောက်က နောက်လူတစ်ယောက်ကိုချစ်တယ် အဲ့ဒါကလည်းမှားနေလို့လား ကိုကိုဗျာ"

"........"

"ကျွန်တော့်ရဲ့အချစ်က ကိုကို့ ကိုပင်ပန်းစေတာလား ဟင် ဖြေလေကိုကို"

"ဟင့် အဲ့လိုသဘော မဟုတ်"

"ကိုကို ကျွန်တော့်ရဲ့အမူအရာတွေ ကျွန်တော့်ရဲ့အချစ်တွေကြောင့် ကိုကိုပင်ပန်းနေတာကျွန်တော်သိပါတယ်"

"ထယ်ဟျွန်း မဟုတ်ဘူး"

"တောင်းပန်ပါတယ် ကိုကို့ ကိုပင်ပန်းစေမိလို့"

ရင်ခွင်ထဲကခန္ဓာကိုယ်လေးကိုထုတ်လိုက်ပြီး ကျောခိုင်းကာထွက်လာခဲ့သည်။
ကြမ်းပြင်ပေါ်လဲကျသွားတဲ့ ခန္ဓာကိုယ်လေးမှာ အားအင်မဲ့စွာ...။

"ငါကတောင်းပန်ရမှာပါ ငါ့ကြောင့်မင်းဝမ်းနည်းနေရပြီ"

ဘောမ်ဂယူစာသင်ရန်လည်းစိတ်မပါတော့တာကြောင့် လွယ်အိတ်ယူကာအိမ်ပြန်ဖို့ပြင်သည်။လမ်းတစ်လျှောက်လုံးလည်း သူ့ကိုရွံရှာသလိုကြည့်နေကြတာကြောင့်ခေါင်းပင််မဖော်ရဲ။ဘောမ်ဂယူကစွာသည် လူအများအမြင်တွင် ကြံ့ခိုင်တဲ့Omegaလေးတစ်ယောက်။အဲ့ဒါတွေက လူတွေရဲ့အမြင်ဖြစ်သည်။ဘောမ်ဂယူရဲ့အတွင်းစိတ်က နူးညံ့ပြီး လူကြောက်တတ်သည် စိတ်ပျော့သည် တစ်ခုခုဆို မျက်ရည်ကျလွယ်သည်။
ဘောမ်ဂယူ စဥ်းစားမိသည်။ထယ်ယောင်းHyungတို့ ယောန်ဂျွန်းHyungတို့
ဂျောင်ဝန်းတို့တုန်းကရောဒီလိုဘဲအကြည့်ခံရတာလားဟူ၍။

You've reached the end of published parts.

⏰ Last updated: Feb 20 ⏰

Add this story to your Library to get notified about new parts!

ᴄᴀɴ ʏᴏᴜ ʙᴇ ᴍʏ ᴏᴍᴇɢᴀ? Where stories live. Discover now