ᴄᴀɴ ʏᴏᴜ ʙᴇ ᴍʏ ᴏᴍᴇɢᴀ? <P-2>

153 14 0
                                    

Unicode✅

"မနက်ဖြန်မှတွေ့ကြရအောင် ထယ်ဟျွန်းနား!"

"ဟုတ်ပြီ!"

ယခုဆိုလျှင်တော့ညနေကျောင်းဆင်းချိန်ရောက်နေပြီမို့သူသူကိုယ်ကိုယ်အိမ်ပြန်နေကြပြီဖြစ်သည်။ထယ်ဟျွန်းနဲ့ဘောမ်ဂယူနဲ့ကတော့နှုတ်ဆက်လို့ကောင်းတုံး။

"သွားပါမယ်ဆိုကွာ"

ဟျူးနင်းရဲ့စိတ်မရှည်တဲ့အသံနဲ့အတူဆွဲခေါ်တာကိုခံလိုက်ရတဲ့ဘောမ်ဂယူပင်။

"သွားပြီ!"

"Nae!"

"ဟိုကောင်ဆွဲထားတာလွှတ်ဦး"

"အဖြစ်တွေတအားသည်းနေကြတာ"

"အဲ့တော့ဘာဖြစ်လည်း"

"မသိရင်တစ်သက်လုံးခွဲရတော့မှာကျနေတာဘဲ"

"ဖွဟဲ့ လွဲပါစေ လွဲပါစေ"

"စောက်မြင်ကိုကပ်တယ် မင်းတို့ကအတွဲတွေမှမဟုတ်တာ"

"မဟုတ်ဘူးလေကွာ ဒါပေမဲ့ငါတို့ရဲ့ပုစံကိုကအတွဲတွေလိုဖြစ်နေတော့ဘယ်တတ်နိုင်ပါ့မလည်း အေးပေါ့လေ အက်ဖ်အေတွေကဒီခံစားချက်ကိုနားလည်မှာလည်းမဟုတ်ပါဘူးလေ"

ခနဲ့သံတွေပါနေတဲ့ဘောမ်ဂယူရဲ့စကားဆုံးတော့ဟျူးနင်းကရှုးရှုးရှဲရှဲတွေဖြစ်သွားသည်။

"ပြောအားရှိတော့ပြောထားပေါ့ ဝေးခါကျမှ10အိမ်ကြားအော်ရယ်ပြမယ်"

"ဒီနွား!"

"မူးမူးလို့အော်နေလို့လား"

"မင်း! သေမယ်!!"

"ဘလာ ဘလာ!"

လျှာထုတ်ပြောင်ပြပြီးပြေးသွားတဲ့ဟျူးနင်းရဲ့နောက်တွင်တော့ဆဲသံတွေကအစီအရီပါလာခဲ့သည်။

------------

ဘောမ်ဂယူတစ်ယောက်အိပ်ယာထဲတွင်လှဲကာဖုန်းသုံးနေသည်။ရုပ်ကြီးကလည်းပွဲစားလိုလိုဘာလိုလိုနဲ့ပြုံးဖြီးနေသေးသည်။ဘောမ်ဂယူရဲ့ထိုပုံစံကိုဘေးကလူတွေကြည့်ရင်သေချာပေါက်ပြောကြမှာက"ဒီကောင်လေးရဲ့အန်တီအပျိုကြီးလင်ရသွားလို့အရမ်းတွေပျော်နေတာဖြစ်မယ်"ဟူ၍သာ။

💌ဘောမ်ဂယူ💌

💌အင်း💌

💌မင်းကိုတွေ့ချင်တယ်💌

ᴄᴀɴ ʏᴏᴜ ʙᴇ ᴍʏ ᴏᴍᴇɢᴀ? Where stories live. Discover now