၁၇နှစ်ကျော်ကျောင်းတက်လာအပြီးမှာ ငါစာမေးပွဲခန်းထဲကနေ ယုံကြည်မှုအပြည့်နဲ့ထွက်လာဖြစ်တာဆိုလို့ ဒါပထမဆုံးအချိန်ပဲလေ။ ငါပုစ္ဆာအကုန်နီးပါးကိုဖြေရှင်းနိုင်ခဲ့တာမလို့ သေချာပေါက်အောင်တာပေါ့...အရင်တုန်းကလိုမျိုး စာမေးပွဲခန်းထဲမှာဟောက်တဲ့အထိမအိပ်ရတော့ဘူးလေ။
" ပြုံးထားပါ " Yo က ငါ့ဆီလျှောက်လာပြီးဝောာ့ ပုခုံးကိုလှမ်းရိုက်လိုက်တယ်လေ။
" ထက်မြက်တဲ့သူတွေက စာမေးပွဲခန်းထဲကအရင်ဆုံးထွက်ကြတယ်လေ " Win ကပါဝင်ရောက်လာပြီးတော့ ငါ့ကိုစနေကြတော့သည်။
" မင်းကထိပ်ဆုံးနေရာကိုလိုချင်တာလား " Pat ကလည်းလက်နဲ့ဒူးထောက်ပြီးရပ်လာခဲ့တယ်လေ။
" မဟုတ်ပါဘူး! ဒါပေမယ့် မကြာခင်ငါဖြည့်မှာ " လို့
ခေါင်းယမ်းရင်းပြောလိုက်တော့" Damn! "
Sound နဲ့ Yo က ငါ့ပုခုံးကိုခပ်ပြင်းပြင်းပုတ်လာတယ်လေ...ဒါ့အပြင် တစ်ချိန်တည်းမှာပဲ အကုန်လုံးကငါ့ကိုစိုက်ကြည့်လာကြတော့သည်။" ကြည့်လိုက်စမ်း မင်းရဲ့တော်လွန်းတဲ့ကျူတာကြီးလာနေပါပြီ " Po က နှုတ်ခမ်းကိုရွဲ့ပြီးထိုးပြလာတော့ ငါနဲ့ငါ့ရဲဘော်တွေအကုန်လုံးလှည့်ကြည့်လိုက်ကြတော့သည်။
ဟုတ်တာပေါ့! အဲ့လူချောကောင်ကသူ့ဘောင်းဘီအိတ်ကပ်ထဲကိုလက်ထည့်ပြီးတော့ သူ့ရဲ့ကိုယ်ရံတော်တွေဖြစ်တဲ့ ဘတ်စကတ်ဘောကစားသမား Thewson ရယ် ဘောလုံးသမား Kajorn တို့နဲ့အတူလျှောက်လာနေတယ်လေ
မင်းက၀န်ကြီးချုပ်လား? ငါစိတ်ထဲကနေသာတွေးလိုက်တော့သည်။
" မင်းတို့ဘယ်မှာစားကြမှာလဲ " လို့ ငါ့သူငယ်ချင်းတွေဘက်ကိုလှည့်ပြီးမေးလိုက်တော့ အကုန်လုံးတစ်ယောက်မှမရှိကြတော့ပဲ နေရာလပ်တွေကိုပဲတွေ့လိုက်ရတယ်လေ
သူတို့ဘယ်ပျောက်သွားကြတာလဲ? အဲ့တာနဲ့ နောက်ဘက်ကိုပြန်လှည့်လိုက်တော့ လူချောကောင်ကငါ့အရှေ့မှာရပ်နေတာကိုတွေ့လိုက်ရတယ်လေ။
" ဘာဖြစ်လို့လဲ " လို့ သူကမေးလာခဲ့တော့
ကျွန်တော်ပုခုံးတွ့န်ပြလိုက်တယ်လေ
![](https://img.wattpad.com/cover/331215346-288-k198993.jpg)
YOU ARE READING
The School President is My Boyfriend (Myanmar Translation)
RomanceGMM ကနေလက်ရှိထွက်ရှိထားတဲ့ My School President Series ရဲ့ Novel Myanmar Translation ဖြစ်ပါတယ်။ Just a fan translation! All credit goes to the original author of this novel.