(Zawgyi) Chapter 29: Awards

164 11 0
                                    



ဒီနေ့ကအားကစားပွဲတော်နောက်ဆုံးရက်ပဲဖြစ်ပြီး...ရွှေတံဆိပ်ဆုတွေအကုန်နီးပါးကိုပေးအပ်မဲ့ရက်လည်းဖြစ်တယ်လေ....

အားပေးမယ့်အဖွဲ့တွေကတော့ဘယ်အားကစားကွင်းကိုသွားရမလဲမသိတာကြောင့်ခေါင်းရှုပ်နေကြတော့တာပေါ့....ဘတ်စကတ်ဘောပြိုင်ပွဲချိန်တွင်းမှာပဲ ငါနဲ့ငါ့သူငယ်ချင်းတွေကတော့ ဘောလုံးဗိုလ်လုပွဲကိုကြည့်ဖို့အတွက်ဗဟိုအားကစားရုံကိုရောက်နေကြပြီဖြစ်ပြီး...အပြာအသင်းကအားကစားသမားတွေကပြင်ဆင်နေတာကိုလည်းတွေ့နေရသေးတယ်လေ....အဲ့ထဲကတစ်ယောက်ကတော့ သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့လူချောကောင်ပေါ့.....ငါကတော့ဂရုမစိုက်ပါဘူး....ဘာလို့ဆိုငါတို့အစိမ်းသင်းကပြုတ်သွားပြီမလို့ ဒီကိုထပ်လာပြီးအားပေးစရာမလိုတော့ဘူးလေ။

" ငါနဲ့ Gun က ဘတ်စကတ်ဘောပွဲကြည့်မှာ "

အိုး! ဘုရားသခင်! ငါ့ရဲ့ပုခုံးကိုတောက်တဲ့တစ်ကောင်လိုမျိုးတွယ်ကပ်နေတဲ့ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေး Po ကို မျက်လုံးသာလှန်ပြလိုက်တော့သည်။ ဘယ်တုန်းကငါကဒါကိုကြည့်မယ်လို့သဘောတူလိုက်လို့လဲ?

" မင်းတို့သုံးယောက်ကဘောလုံးပွဲသွားကြည့်လိုက်....ပွဲပြီးသွားရင်ငါတို့လိုက်ခဲ့မယ် " လို့ Po ကအမြန်ရှင်းပြလိုက်တော့....ကျန်တဲ့သူတွေကလည်းနားထောင်ကြတယ်လေ။ အစကတော့သူတို့ကခေါင်းရှုပ်သလိုဖြစ်သွားပြီး နောက်မှနားလည်သွားကြကာ ငါ့ကိုထားပစ်ခဲ့ကြတယ်လေ။ ဒါကြောင့်မလို့ငါကတော့ ဘတ်စကတ်ဘောကွင်းကိုဆွဲခေါ်ခံခဲ့ရပြန်တာပေါ့။

" မင်းငါကိုဘာလို့ဒီကိုဆွဲခေါ်လာရတာလဲ " လို့ ညည်းညူလိုက်တော့

" ...... "

ပါးစပ်ပိတ်ထားဆဲ....

ပိုပြီးပဟေဠိဆန်လာသလိုပဲ....Po က ငါ့ကိုရှင်းပြဖို့ငြင်းဆန်နေတယ်လေ...

" ဟေး Po! "

ဟမ်! ငါအသံလာရာဆီကိုလှည့်ကြည့်လိုက်တော့ Thewson က Po ကိုလှမ်းကြည့်ရင်း ဒီဘက်ကိုလျှောက်လာနေတာကိုတွေ့လိုက်ရတယ်လေ

" အင်း " လို့ သူကခပ်ပြတ်ပြန်ပြန်ဖြေရင်း

" မင်းငါ့ကိုလာ‌အားပေးတာလား "
ငါ့မျက်လုံးကတော့ Po ကိုစိုက်ကြည့်ရင်းပြူးသွားတော့တယ်လေ.....နတ်ဘုရားသူငယ်ချင်းလေးကိုလှမ်းကြည့်လိုက်တော့ သူ့မျက်နှာပေါ်ကအနည်းငယ်မကျေမနပ်ဖြစ်နေတာကိုတွေ့လိုက်ရပြီး

The School President is My Boyfriend (Myanmar Translation)Where stories live. Discover now