(Uni) Chapter 23: Dislike

574 81 11
                                    




ငါထိုင်ချပြီးတော့ Yo, Pat နဲ့ သူ့ရဲ့အပေါင်းအဖော်တွေကခုန်သီချင်းဆိုနေတာကိုပဲကြည့်နေလိုက်တော့တယ်လေ....ညကောင်းကင်ယံမှာမှိတ်တုတ်မှိတ်တုတ်လင်းလက်‌နေတဲ့ကြယ်လေးတွေလိုအလင်းရောင်နဲ့အတူ
Namcha Sheranut ရဲ့သီချင်းသံကငါ့ရဲ့နားထဲကအကြားအာရုံဆီကိုဖြတ်ကျော်သွားနေတယ်လေ....

( အချစ်ကအဝေးကိုစီးဆင်းသွားလိမ့်မယ် ဒါကအိပ်မက်လေးတစ်ခုသာ .... )

🎶 ငါရပ်တည်ခဲ့ဖူးတဲ့နေရာမှာပဲ ငါရပ်တည်ချင်တယ် 🎶

ငါလည်းပဲသီချင်း၀င်ဆိုချင်တယ်!

ဒါပေမယ့်အဲ့တာကစိတ်ကူးယဉ်ဆန်တဲ့အတွေးတစ်ခုပဲဖြစ်တယ်လေ...ဘာလို့ဆိုလက်တွေ့မှာငါကသူတို့ရဲ့ခန္ဓာကိုယ်ကစွမ်းအင်တွေနဲ့အာဟာရကိုဖြည့်တင်းဖို့ရန်အတွက်အစားအစာတွေကိုမှာယူနိုင်ရန်မီနူးကိုဖတ်ရမှာမလို့ပါပဲ...

" မင်းတို့ကောင်တွေဘာစားမှာလဲ " လို့ ငါအော်လိုက်ပေမယ့်...ကြက်လည်ချောင်းကိုလှီးလိုက်သလိုမျိုး သီချင်းသံနဲ့အော်ဟစ်သံတွေကြား သီချင်းမဆိုရသေးပဲကျပန်းလှုပ်ရှားနေကြတဲ့ Chi နဲ့ Beam ကသာပြန်ဖြေလာခဲ့ကြတယ်လေ...

" ငါအသီးအရွက်မွှေကြော်လိုချင်တယ် " လို့ Chi က ပြန်ဖြေလာခဲ့ပြီး

" ငါကအရွက်သုပ်စပ်စပ်လေး "

ငါသူတို့ပြောတာတွေကိုစာရွက်ပေါ်မှာချမှတ်ထားလိုက်ပြီး သူတို့ကတော့မိုက်ခရိုဖုန်းကိုပဲဆက်ကိုင်ထားပါစေလေ

" မင်းတို့နှစ်ယောက်ကရော "

" ငါကငါးကြော်စပ်စပ်လေးယူမယ်....ငါရောပဲ "
Po နဲ့ Win ကအမြန်ပြန်ဖြေပြီးတာနဲ့ပြန်လှည့်ကာရယ်မောပြီးသီချင်းစည်းချက်နဲ့အညီပြန်ကနေကြတယ်လေ....အခုကတော့ငါ့ဘေးမှာထိုင်နေတဲ့သူတွေကိုမေးရမဲ့အချိန်ပဲ...
အရင်ဆုံး Sound ကိုမေးတာပေါ့

" မင်းရောဘာစားမှာလဲ Sound " လို့ ငါမေးလိုက်တော့

" ငါမင်းကိုစားလို့ရလား " လို့ ပြုံးပြီးငါ့နားအနားကိုကပ်ကာပြောလာခဲ့တယ်လေ

" Damn it!!! "
ငါသူ့ကိုတိုးတိုးလေးသာဆဲလိုက်တော့တယ်....တော်သေးလို့ဘယ်သူမှမကြားတာ....မဟုတ်ရင်ငါ့သူငယ်ချင်းတွေလိုက်စတာကိုခံရနိုင်တယ်လေ

The School President is My Boyfriend (Myanmar Translation)Where stories live. Discover now