(Zawgyi) Chapter 32: The Day Of Exams Is Over

161 10 0
                                    



< Thew's ရဲ့ LINE ID ကိုလက်ခံပေးပါအုံး >

ငါ Po ဆီကနိုတီကိုမြင်လိုက်တာနဲ့မျက်မှောင်ကြုတ်လိုက်တော့သည်

< အာ >
< အရေးကြီးကိစ္စရှိလို့ >

< အိုကေ >

ဘာတွေအရေးကြီးနေကြတာလဲ? ပြီးတော့အဲ့တာကရော ငါနဲ့ဘာဆိုင်လို့လဲ!

ငါ Add ကိုနှိပ်ပြီး Thewson ရဲ့ LINE ID ကိုထည့်လိုက်ကာ

< ဘာကိစ္စရှိလို့လဲ Thew >

Thewson ကဓာတ်ပုံတစ်ပုံပို့ပေးလာခဲ့တယ်လေ

< တစ်စုံတစ်ယောက်ကတော့နေမကောင်းဖြစ်နေပြီ ကြည့်လိုက်ပါအုံး >

ငါသူပို့ပေးလာတဲ့ပုံကိုဖွင့်ကြည့်လိုက်တော့

အိုး....ငါလူချောကောင်ကုတင်ပေါ်မှာလှဲအိပ်နေတဲ့ပုံပဲ! ဓာတ်ပုံပဲကြည့်တာတောင်ဘယ်လောက်ဆိုးလဲဆိုတာရှင်းရှင်းလင်းလင်းသိနိုင်တယ်လေ...

သိသိသာသာပဲ....ငါ့စိတ်ထဲကိုစိုးရိမ်မှုတွေဝင်လာခဲ့တယ်ဆိုပေမယ့် ဒီနေ့ကပိတ်ရက်ဖြစ်တဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေကိုအမြန်ဖယ်ထုတ်လိုက်တော့တယ်လေ။ ငါအနားယူဖို့လိုတယ်! ငါ Mrs. Ratchanee ဒေါသထွက်လာတဲ့အထိအိပ်ပစ်မှာလေ....

< မအားဘူး >

ဒါကငါ့ကိုစိတ်အနှောင့်အယှက်ပေးနေတာပဲ! ငါ့စိတ်ထဲမှာတွေးနေတာကိုအမြန်ပြန်ပြောလိုက်ပေမယ့်လည်း....သူကနေမကောင်းဖြစ်နေတဲ့သူရဲ့ဓာတ်ပုံကိုပို့ပေးလာဖို့တော့ လက်မလျှော့ခဲ့ဘူးလေ

နောက်တစ်ပုံထပ်ပို့ပေးလာပြန်သည်

ဘာလို့သူ့နှာခေါင်းနဲ့မျက်နှာကတအားနီရဲနေရတာလဲ! အပြင်းအထန်ဖျားနေတာလား? ဘာလို့သူ့သူငယ်ချင်းက သူ့ကိုဆရာဝန်ဆီမခေါ်သွားရတာလဲ?

< ဘာလို့သူ့ကိုဆရာဝန်ဆီခေါ်မသွားတာလဲ? >
ငါစိတ်ရှုပ်စွာနဲ့စာပို့လိုက်တော့

< သူကမသွားချင်ဘူး၊ သူပြောတာက ဆေးသောက်လိုက်ရင်သက်သာသွားမယ်တဲ့ >

စိတ်တိုလိုက်တာ! ဘာလို့ခေါင်းမာနေရတာလဲ? သူသာငါ့အနားမှာရှိလို့ကတော့ရိုက်ပစ်အုံးမယ်! စောင့်ကြည့်နေလိုက်!

The School President is My Boyfriend (Myanmar Translation)Where stories live. Discover now