အပိုင်း (၁၀)

128 8 0
                                    

An Le Zhuan-Di Huang Shu
အပိုင်း (၁၀)

ကျားနင်အုပ်ချုပ်တဲ့၁၇နှစ်မြောက်မှာ မြို့တော်အတွင်း အဓိကဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ရုံးတော်အတွင်း အုံကြွမှုတိုက်ပွဲတစ်ခု စတင်ခဲ့သည်။

ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင်၊ ထိုဖြစ်ရပ်ဟာ မြို့တော်ကပြည်သူတွေ၏စောင့်ကြည့်မှုအောက်တွင် နေထိုင်ပြီး ဒုက္ခရောက်နေတဲ့ရန်အန်းလဲ့ကို ကယ်တင်ဖို့ လုံလောက်ခဲ့သည်။

လွန်ခဲ့တဲ့၂ညအကြာ ဆောင်းဦးစာမေးပွဲတွေအဆုံးသတ်မှာ မူးရူးနေကြတဲ့ကျောင်းသားများစွာဟာ လင်ရှန်းဂေဟာမှာ နာမည်အကျော်ကြားဆုံးဖြစ်တဲ့ လင်လန်အတွက် တိုက်ခိုက်ခဲ့ကြသည်။ ကျောင်းသားတွေထဲက တစ်ယောက်ဟာ ဒုတိယထပ်မှပြုတ်ကျပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်။ အစောင့်တွေ ထိုသတင်းကိုကြားတော့ ပြဿနာဖြစ်ပွားစေခဲ့သည့်ကျောင်းသားတွေကို စစ်ဆေးမေးမြန်းဖို့ တလီစစ်ဆီပြန်ခေါ်သွားခဲ့သည်။

ထိုကိစ္စဟာ ဘုရင်မင်းမြတ်၏ခြေတော်ရင်းအထိ ရောက်ရှိသွားခဲ့သည်၊ ပါဝင်ပတ်သက်ကြတဲ့ သူအများစုဟာ စာမေးပွဲဝင်ရောက်ဖြေဆိုကြသူများဖြစ်ကြ၏။ ဒါ့အပြင် တလီစစ်ရဲ့အမတ်မင်း-ဖေကျန်းဟာ ဧည့်ခံပွဲတက်ရောက်ရန် အကောက်အခွန်ဌာန၏လက်ဝဲအမတ်မင်း ချန်ကွမ်ကျင့်၏အိမ်တော်မှာ ရောက်ရှိနေခဲ့သည်၊ ဒါကြောင့် ရုံးတော်မှာကျန်ရစ်ခဲ့တဲ့ တလီစစ်ရဲ့လက်ထောက်အမတ်မင်း ဟွမ်ဖူဟာ ဒီအမှုကို ညတွင်းချင်းစစ်ဆေးခဲ့တယ်။ သို့ရာတွင် နန်းတွင်း၏တားမြစ်ချိန်အဆုံးသတ်-ညနက်ကြီးမှာ ဟွမ်ဖူတစ်ယောက် နန်းတွင်းထဲသို့ ဝင်ရောက်ခဲ့သည်။ ညနက်ကြီးမှ ဟွမ်ဖူ နန်းတွင်းထဲဝင်ရောက်လာပြီး အရှင်မင်းကြီးနဲ့ တွေ့ဆုံခွင့်တောင်းမယ်၊ နောက်ပြီး ဘုရင်မင်းမြတ်ကျားနင်အုပ်ချုပ်တဲ့ ၁၆နှစ်တာကာလအတွင်း ရှားပါးတဲ့အရာတစ်ခု ဖြစ်ပျက်လိမ့်မယ်လို့လည်း ဘယ်သူမှ မမျှော်မှန်းနိုင်ခဲ့ကြဘူး။

ညီလာခံရုံးတော်၏မီးအိမ်တွေဟာ ညတစ်ဝက်လုံး ထွန်းလင်းတောက်ပနေခဲ့သည်။ ထိုသတင်းကိုကြားသိသွားတဲ့ အမတ်မင်းတွေဟာ တလီစစ်ရဲ့သာမာန်အမှုထမ်းတစ်ယောက် ညလယ်ခေါင်ကြီး နန်းတွင်းထဲဝင်ပြီး ကျောင်းသားတွေကြားက အရေးမပါတဲ့တိုက်ပွဲအကြောင်းကို ဘုရင်မင်းမြတ်ဆီ ဘာကြောင့်လျှောက်တင်ရဲမှန်း မခန့်မှန်းနိုင်ခဲ့ကြဘူး။

Di Huang Shu (Legend of Anle/ An Le Zhuan) မြန်မာဘာသာပြန်Where stories live. Discover now