Prologue

9.1K 165 2
                                    

Hello my dear readers,

ပထမဦးဆုံးအနေနဲ့ ပြောချင်တာက ဒီ fiction ထဲက ဇာတ်ကောင်တွေနဲ့ ဇာတ်အိမ်က ဘယ်သမိုင်းကြောင်း အချက်အလက်ကိုမှ အခြေတည်ထားတာ မဟုတ်ဘဲ စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပါတယ်။

.
.
.

Prologue

မြန်မာနဲ့ အခြားနိုင်ငံတွေမှာ ချယ်ရီလို့ ခေါ်ပေမယ့် ဂျပန်မှာဆို ဆာကူရာလို့ သတ်မှတ်ကြတဲ့ ချယ်ရီတွေ ပွင့်တဲ့ နယ်မြေ၌ စော်ဘွားတွေ အုပ်စိုးရာ ဟော်နန်းတွေ ရှိသလို ထိုဟော်နန်းတွေထဲ၌ ဟော်နန်းသခင်တွေကို မျိုးရိုးစဉ်ဆက် ခစားရတဲ့ ကျွန်မျိုးဆက်တွေလည်း ရှိပါတယ်။

စော်ဘွားတွေ၌ မဟာဒေဝီလို့ သတ်မှတ်ကြတဲ့ မိဖုရားခေါင်ကြီးအပြင် ထိုစော်ဘွားတွေ နောက်ထပ် လက်ဆက်ထားတဲ့ အမျိုးသမီးတွေဖြစ်တဲ့ ဒေဝီငယ်တွေလည်း ရှိပေမယ့်
ဟော်နန်းရဲ့ တကယ့်ဆက်ခံသူကတော့ မဟာဒေဝီက မွေးတဲ့ သားတော်ကသာ အခွင့်အရေးရှိတဲ့ ထုံးတမ်းစဉ်လာတွေ ရှိသော်ငြား ထူးခြားစွာပင် ဒီတစ်ခါ ဟော်နန်းသခင် ဖြစ်လာမယ့်သူကတော့ မဟာဒေဝီက မွေးထားတဲ့ သားတော်ကို ကျော်ပြီး ဒေဝီငယ်က မွေးလာတဲ့ ဒုတိယသခင်လေး ဖြစ်နေသောအခါ. . .

ထိုကဲ့သို့ပင် ဟော်နန်းသခင်တွေကို မျိုးရိုးစဉ်ဆက် ခစားလာရတဲ့ ကျွန်အဖြစ် ကြီးပြင်းလာရတဲ့ မိဘနှစ်ပါးထံ၌ မွေးဖွားလာရတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရည်မှန်းချက်ကလည်း တစ်ခုတည်းသာ ရှိပါတယ်။ ဒီဟော်နန်းထဲကနေ ကျွန်အဖြစ်မှ အသက်ရှင်လျက်နဲ့ မလွတ်‌မြောက်နိုင်ဘူးဆိုရင် ဒီဘဝကနေ အမြန်သေဆုံးသွားဖို့ပဲ ဆန္ဒပြင်းပြနေခဲ့ပေမယ့် ထင်မှတ်မထားစွာနဲ့ သူ တစ်သက်လုံး သစ္စာခံသွားချင်မိတဲ့ သခင်တစ်ယောက်ကို ရှာတွေ့ခဲ့သောအခါ. . .

သို့သော်ငြား ငယ်စဉ်ကတည်းက သူ ခစားချင်ခဲ့မိတဲ့ တစ်ဦးတည်းသော အရှင်သခင်က ထိုဟော်နန်းရဲ့သခင် ဖြစ်မလာနိုင်သောအခါ. . .

ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ လိုက်ပါစီးမျောပေးဖို့ အချစ်တွေနဲ့ ဖိတ်ခေါ်ပါတယ်နော်။

___________________________________________

[Zawgyi]

Hello my dear readers,

ပထမဦးဆုံးအေနနဲ႕ ေျပာခ်င္တာက ဒီ fiction ထဲက ဇာတ္ေကာင္ေတြနဲ႕ ဇာတ္အိမ္က ဘယ္သမိုင္းေၾကာင္း အခ်က္အလက္ကိုမွ အေျခတည္ထားတာ မဟုတ္ဘဲ စာေရးသူ၏ စိတ္ကူးသက္သက္သာ ျဖစ္ပါသည္။

.
.
.

Prologue

ျမန္မာနဲ႕ အျခားနိုင္ငံေတြမွာ ခ်ယ္ရီလို႔ ေခၚေပမယ့္ ဂ်ပန္မွာဆို ဆာကူရာလို႔ သတ္မွတ္ၾကတဲ့ ခ်ယ္ရီေတြ ပြင့္တဲ့ နယ္ေျမ၌ ေစာ္ဘြားေတြ အုပ္စိုးရာ ေဟာ္နန္းေတြ ရွိသလို ထိုေဟာ္နန္းေတြထဲ၌ ေဟာ္နန္းသခင္ေတြကို မ်ိဳးရိုးစဥ္ဆက္ ခစားရတဲ့ ကြၽန္မ်ိဳးဆက္ေတြလည္း ရွိပါတယ္။

ေစာ္ဘြားေတြ၌ မဟာေဒဝီလို႔ သတ္မွတ္ၾကတဲ့ မိဖုရားေခါင္ႀကီးအျပင္ ထိုေစာ္ဘြားေတြ ေနာက္ထပ္ လက္ဆက္ထားတဲ့ အမ်ိဳးသမီးေတြျဖစ္တဲ့ ေဒဝီငယ္ေတြလည္း ရွိေပမယ့္
ေဟာ္နန္းရဲ႕ တကယ့္ဆက္ခံသူကေတာ့ မဟာေဒဝီက ေမြးတဲ့ သားေတာ္ကသာ အခြင့္အေရးရွိတဲ့ ထုံးတမ္းစဥ္လာေတြ ရွိေသာ္ျငား ထူးျခားစြာပင္ ဒီတစ္ခါ ေဟာ္နန္းသခင္ ျဖစ္လာမယ့္သူကေတာ့ မဟာေဒဝီက ေမြးထားတဲ့ သားေတာ္ကို ေက်ာ္ၿပီး ေဒဝီငယ္က ေမြးလာတဲ့ ဒုတိယသခင္ေလး ျဖစ္ေနေသာအခါ. . .

ထိုကဲ့သို႔ပင္ ေဟာ္နန္းသခင္ေတြကို မ်ိဳးရိုးစဥ္ဆက္ ခစားလာရတဲ့ ကြၽန္အျဖစ္ ႀကီးျပင္းလာရတဲ့ မိဘႏွစ္ပါးထံ၌ ေမြးဖြားလာရတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ရည္မွန္းခ်က္ကလည္း တစ္ခုတည္းသာ ရွိပါတယ္။ ဒီေဟာ္နန္းထဲကေန ကြၽန္အျဖစ္မွ အသက္ရွင္လ်က္နဲ႕ မလြတ္‌ေျမာက္နိုင္ဘူးဆိုရင္ ဒီဘဝကေန အျမန္ေသဆုံးသြားဖို႔ပဲ ဆႏၵျပင္းျပေနခဲ့ေပမယ့္ ထင္မွတ္မထားစြာနဲ႕ သူ တစ္သက္လုံး သစၥာခံသြားခ်င္မိတဲ့ သခင္တစ္ေယာက္ကို ရွာေတြ႕ခဲ့ေသာအခါ. . .

သို႔ေသာ္ျငား ငယ္စဥ္ကတည္းက သူ ခစားခ်င္ခဲ့မိတဲ့ တစ္ဦးတည္းေသာ အရွင္သခင္က ထိုေဟာ္နန္းရဲ႕သခင္ ျဖစ္မလာနိုင္ေသာအခါ. . .

ဘယ္လိုေတြ ျဖစ္လာမလဲဆိုတာ လိုက္ပါစီးေမ်ာေပးဖို႔ အခ်စ္ေတြနဲ႕ ဖိတ္ေခၚပါတယ္ေနာ္။

___________________________________________

The Loudest Silence [Completed]Where stories live. Discover now