Chapter 12

663 45 3
                                    

မှောင်ရီပျိုးချိန်တွင် တိုက်ပျက်ကြီးထဲ၌ သေမင်းနှင့် စစ်ခင်းနေရသော လူတစ်စုရှိနေသည်။

ထိုက်အား ထိပ်တိုက်မြင်လိုက်ရချိန်၌ ဇာဏီထွဋ်ခေါင် သူ ခုန မျိုသိပ်ထားခဲ့ရသည့် ဒေါသတွေ ပြန်ပေါ်လာခဲ့ရသလို၊ မျက်နှာဖုံး လုံးဝ ခွာချလိုက်ပြီဖြစ်တဲ့ မင်းမဟော်ထိုက်ဖက်မှလည်း သူ ထွဋ်ကို ပစ်သတ်လိုက်ဖို့ ရယ်ဒီဖြစ်နေခဲ့သော်လည်း သူ့အစ်ကိုရှေ့ ပိတ်ရပ်လာသော ရှေးကြောင့် လက်ထဲမှ သေနတ်ကို ပြန်ချထားလိုက်ရသည်။

ရှေးတစ်ယောက် ထိုက်ကို အခုလို တွေ့လိုက်ရတာ‌ကြောင့် လက်ရှိအခြေအနေကို နားမလည်နိုင်ဖြစ်သွားရတာမို့ သူ ထိုက်အား မေးမြန်းရန် ခြေတစ်လှမ်းတိုးလိုက်ရုံတင် အစ်ကို သူ့လက်ကောက်ဝတ်အား ဖမ်းဆွဲထားခဲ့သည်။

"ရှေး. . .ငါ့နားမှာပဲနေ"

"ဟက်၊ ကိုယ့်ညီကိုတော့ အဲ့လောက် သိတတ်နေရင် ငါ့ညီအပေါ်ကျတော့ မင်း ဘယ်လိုတောင် လုပ်နိုင်ခဲ့တာလဲ။ မင်း သူ့ကို အတည်မကြံဘဲ ထားသွားတယ်ဆိုရင်တောင် ငါ မင်းကို နားလည်ပေးဦးမှာပဲ။ ဘာလဲ၊ ငါ့ညီက မင်းအတွက် ကာဗာသက်သက်ပဲလား"

ရှေး သူ့အစ်ကိုအား ဖျတ်ခနဲ မော့ကြည့်လိုက်မိသွားခဲ့သည်။

"ကိုယ့်ညီအရင်းကို ကြိုက်နေတာကို ဖုံးကွယ်ချင်လို့ မင်း လွှမ်းကို တွဲခဲ့ရုံလား"

ရှေး၏ လက်ထဲမှ ကြာပွတ် ပြုတ်ကျသွားခဲ့သည်။

ဇာဏီထွဋ်ခေါင် ထိုကောင့်ရှေ့ ချက်ချင်းတိုးကပ်လာခဲ့သည်။

"မင်း ပါးစပ်ကို ပိတ်ထားစမ်း"

"ဘာလဲ၊ ရှေး သိသွားမှာ ကြောက်နေတာလား"

ထွဋ်က သူ့နဖူးတည့်တည့်ကို သေနတ်ချိန်လာတဲ့အပြင် သူ ထင်သည့်အတိုင်း ရှေး သိသွားတာကို အဲ့ကောင် ဒေါသအလွန်ထွက်သွားပုံရသည်။

ဇာဏီထွဋ်ခေါင် သူ အခုလို ညီအရင်းကိုမှ ချစ်နေမိတာကို ရှေး သိသွားမှာ သေမတတ်ကြောက်ခဲ့သည်။ သူ ရှေးကို ဖွင့်ပြောဖို့ အတွေးလုံးဝမရှိသလို၊ မတော်တဆ ရှေး သိသွားခဲ့ရင် သူ့ကို ရွံသွားမှာအား ‌အစိုးရိမ်ဆုံးပင်။

The Loudest Silence [Completed]Where stories live. Discover now