Chapter 15

1.2K 64 1
                                    

နယ်စပ်မြို့ရှိ သီးသန့်ဆေးရုံခန်းထဲ၌ မင်းမဟော်ထိုက် ဝုန်းဒိုင်းကြဲလျက် ရှိနေသည်။

ထို့ကြောင့် သူ့အား sign language သင်ကြားပေးနေရသော ဆရာခမျာ ကုပ်ကုပ်လေး ပြန်ထွက်သွားရတော့၏။

ထိုက် ထိုစကားအား ကြိုးစားသင်လျက်ရှိသော်လည်း သူ့၏ စိတ်မရှည်မှုများက ဘာသာစကားအသစ်တစ်ခုလို ဖြစ်နေသည့် ထိုလက်သင်္ကေတတွေကို တစ်နေ့တစ်ညအတွင်း အကုန်မမှတ်နိုင်ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူ့ကို စိတ်ဆင်းရဲအောင် ဒုက္ခပေးနေသည့် ရှေးထံသို့သာ ထွက်လာခဲ့ပြီး ထိုကောင်လေးကို အနည်းငယ် စိတ်ဒုက္ခသွားပြန်ပေးဖို့ လျှောက်လာခဲ့တော့၏။

မနက်ဖြန်ဆို ထိုကောင်လေး ဆေးရုံဆင်းလို့ရပြီမို့ ထွဋ်ကလည်း သူ့လုပ်ငန်းကို ဦးမင်းမြတ်နဲ့ အပြီးသတ်‌နေရတာကြောင့် ဒီည ထိုသားအဖတွေ မရှိကြ။

ထို့ကြောင့် မင်းမဟော်ထိုက် သူ့ Hoodie ပေါ်မှနေ Long coat ကို ထပ်ဝတ်လိုက်ပြီး အခန်းကူးလာခဲ့ပြီး ရှေး၏ ဆရာဝန်ထံ အရင် သွားမေးမြန်းရသည်။

.
.

ဒီည သူ့ဘေး၌ မည်သူမျှ မရှိတာကြောင့် ရှေးတစ်ယောက် ပျင်းရိစွာဖြင့် သူ့အစ်ကို ဝယ်ပေးထားခဲ့သည့် စတော်ဘယ်ရီသီးတွေကိုသာ တစ်လုံးပြီးတစ်လုံး ထိုင်စားနေရသည်။ သူ့အား အမြဲစိတ်ရှုပ်အောင် လာလာလုပ်နေသည့် ထိုက်ကို ဟိုနေ့လယ်ကတည်းက ထပ်မတွေ့ရတော့တာမို့ သူ အလွန်စိတ်ချမ်းသာနေပါ၏။ မနက်ဖြန်ဆိုရင်လည်း ထိုလူ့လက်က သူ အပြီး လွတ်မြောက်တော့မှာမို့ စားနေသည့် စတော်ဘယ်ရီသီးက ဒီညမှ ပိုချိုနေသလို။

ထိုသို့တွေးမိရုံရှိသေး သူ့အခန်းဆီ ဦးတည်လာပြီဖြစ်တဲ့ ထိုက်ကို မြင်လိုက်ရတာကြောင့် စားလက်စ‌တွေအား မဝါးဘဲကို မျိုချလိုက်မိကုန်သည်။

ထိုက် ထိုကောင်လေးနား လျှောက်လာခဲ့ပြီး အနည်းငယ် သီးနေပုံရသည့် ရှေးကို မျက်ခုံးပင့်ကြည့်လိုက်မိတော့သည်။ ထိုကောင်လေး သူ့ကိုမြင်တိုင်း လန့်နေတတ်တာက ပျော်စရာကောင်းသည် မှန်သော်လည်း ဒီပုံအတိုင်းသာဆို ကြာရင် ထိုကောင်လေး နှလုံးရောဂါ ရသွားမှာတောင် စိုးရိမ်လာမိပါ၏။

The Loudest Silence [Completed]Where stories live. Discover now