part-2(uni)

683 90 26
                                    

"Bible Wichapas Sumettikul တိုင်းပြည်မှာသတ္တိအရှိဆုံး အသန်မာဆုံးယောင်္ကျား
ကိုးတောင် ကျားကိုတောင်လက်ဗလာနဲ့သတ်နိုင်ခဲ့သူ
လူပေါင်းများစွာက ခြေတော်ရင်းမှာခစားချင်..ချင်"

"ကဲတော်ပါတော့"

Bible ကခေါင်းကိုရမ်းလိုက်ပြီး ခပ်ကြောင်ကြောင်သူ့သူငယ်ချင်းကိုကြည့်ပေးလိုက်သည်။
မင်းသားတဲ့ ဘာမင်းသားလဲ ဇာတ်မင်းသားလား။
ဒီကောင့်ရဲ့ခုလိုကပြောင်ကချော် မျက်နှာရူးလုပ်ပုံနဲ့ကတော့ ဖြစ်နိုင်ပါတယ် ဇာတ်မင်းသား။

"ဘာတုန်းကွာ မင်းကလဲမင်းကိုချီးမွှန်းခန်းဖွင့်နေတာလေ မင်းစဥ်းစားကြည့် ဒီလောက်တော်တဲ့ယောင်္ကျားကောင်းဖြစ်နေပြီးတော့မှ ဘယ်လိုလုပ်ယောင်္ကျားမရနိုင်ရတာလဲ အသက်ကဖင်ဆောင့်နေပြီ"

ဘယ်လိုလုပ်မိန်းမမရနိုင်ရတာလဲအစား
ယောင်္ကျားမရနိုင်ရတာလဲဆိုပြီးမင်းသားက
ပြောင်းပြောပေးတော့ Bibleကဟက်ဟက်ပက်ပက်ရီလိုက်သည်။

သူသည်အရင်နှစ်တွေ ဆယ်ကျော်သက်မြှီးကောင်ပေါက်စကတည်းက မိန်းကလေးတွေစိတ်မ၀င်စားပဲယောင်္ကျားတွေကိုသာနှစ်သက်သူဖြစ်မှန်းကြေငြာထားပြီးသားဖြစ်သည်။

သူတို့တိုင်းပြည်မှာတော့မထူးဆန်းပါ။သူတို့ကိုးကွယ်သည့်နတ်ဘုရားထဲမှာတောင်မှအမျိုးသားကြင်ရာတော်ရှိသည့်နတ်ဘုရားမျိုးပါသေးသည်ပဲ။
ဒါကအထူးအဆန်းတော့မဟုတ်။

"တော်ပါပြီ ငါ့မှာမင်းလဲရှိနေတာပဲ ပြီးတော့ တစ်ယောက်ထဲနေတာပိုကောင်းပါတယ် ၁နဲ့၁နဲ့ပေါင်းပြီး
၂ဖြစ်ခါမှ တစ်ခြား၁ကပြန်နှုတ်ခံလိုက်ရရင်
၂ဖြစ်ရတဲ့အရသာကိုသိပြီး တမြေ့မြေ့ဆွေးနေရမှာ အဲ့တော့ကြမှဟုတ်ပေ့ဖြစ်နေမယ်"

"မင်းပြောတာငါနားမလည်ဘူး "

"မင်းညဏ်လဲမမှီဘူးထင်ပါရဲ့ နောက်လအနည်းငယ်ဆိုရှင်ဘုရင်ဖြစ်တော့မှာမလား အရည်အချင်းမ
ပြည့်၀ချက်က ပြသာနာဖြစ်စေတော့မှာပဲ"

အရည်အချင်းမရှိဘူးလို့ပြောခံလိုက်ရတော့မင်းသားငယ်ရဲ့ရုပ်ကချဥ်စူးသွားကာ စကားပြန်ပက်သည်။

This is How Mr. English Hunt My Heart(completed) Where stories live. Discover now