part-6(uni)

455 77 21
                                    

"Bible"

"Bible? "

"Bible! " မိဖုရားခေါင်ကြီးဆီက ခပ်ကျယ်ကျယ်အော်ခေါ်သံကြောင့် အတွေးကမ္ဘာထဲအလည်အပတ်ထွက်နေသူက လက်ရှိကမ္ဘာကိုပြန်ရောက်လာသည်။

"Yes your Highness? "
ခေါ်မကြားအော်မကြားဖြစ်ရကောင်းမလားဆိုပြီးရှက်ကိုးရှက်ကန်းဖြစ်သွားပေမယ့် မြန်မြန်ဆန်ဆန်ထူးလိုက်သည်။

"အတွေးလွန်နေတာထင်ပါရဲ့" ခပ်အေးအေးအပြုံးနဲ့မိဖုရားခေါင်ကမှတ်ချက်ပေးတော့

"သူအဲ့လိုဖြစ်နေတာကြာလှရောပေါ့ , မြတ်နိုးရမယ့်သူရှိကတည်းက ခေါ်မကြားအော်မကြား
ဟိုနေ့ကသားတော်ရေကန်ထဲချော်ကျတာတောင်
အဲ့ကြေးစားကအသိမရှိလေဘူး မသေကောင်းမပျောက်ကောင်း ကိုယ့်ဟာကိုပြန်ကယ်ဆယ်လိုက်ရတယ် နောက်ကျမှမေးမြန်းကြည့်တော့
အရောင်လဲ့နေတဲ့မျက်၀န်းလေးနဲ့ ပါးချိုင့်ခွက်ခွက်တွေကလွဲရင် ငါဘာမှမသိတော့ဘူးဆိုပြီး သားတော်ကိုလျှောက်တင်တယ်လေ အံဘ အံ့ဘ"

အခြေနေအချိန်ခါပေးတာနဲ့ အိတ်သွန်ခွံမှောက် အစအဆုံးပြန်တိုင်တဲ့မင်းသားငယ်ကို Bible က မျက်လုံးစွေကာကြည့်လိုက်သည်။

"သူပြုတ်ကျတာ ခြေမျက်စိလောက်ရှိတဲ့ဗွက်အိုင်ထဲပါ your Highness "

သူငယ်ချင်း၂ယောက်အပြန်အလှန် နှိပ်ကွပ်ရင်းသူမရှေ့မှာအသံတိတ်စစ်တိုက်နေကြတာ ငယ်ငယ်လေးကတည်းကခုချိန်ထိတစ်ခုမှမပြောင်းလဲပေ။

"ဟုတ်သလား Bible? နှလုံးသားအရည်ဖျော်သူလေးကဘယ်အရပ်ဘယ်ဒေသကတုန်း "

"မ..မဟုတ်ပါဘူး"

Build ကသူ့မေတ္တာတွေကို အကြောင်းမပြန်တာကြောင့် မသေချာမရေရာတဲ့အခြေအနေတွေမှာ
မိဖုရားခေါင်ကိုပြောပြပြီး build ကိုအခက်တွေ့စေတာမျိုးသူမလုပ်ချင်တာမို့ဗြောင်ငြင်းလိုက်မိသည်။

"ဟုတ်ပါတယ်တော့လုပ်လိုက် ပြောမရဘူး
ငါ့မေနဲ့ဖေစိတ်ပေါက်ပြီး ငါတို့၂ယောက်ကိုပေးစားရင် အလကားနေရင်း ညားအုန်းမယ်
မြန်မြန်ပြောပြ မြန်မြန်နားအေးကွာ"

"မင်းသားငယ် ပုံမှန်အသုံးအနှုန်းတွေမသုံးစမ်းနဲ့
မကြာခင် မင်းဖြစ်မယ့်သူမလား မိဖုရားခေါင်နဲ့အရှင်မင်းကြီး လို့ပဲသုံးဖို့ကျင့်ထားတော့"

This is How Mr. English Hunt My Heart(completed) Where stories live. Discover now