Part-9(uni)

475 85 14
                                    

"ငါကြားတာတော့ ရန်သူ့မြှားကလူရှာကြေးစားရင်ဘတ်ကိုထုတ်ချင်းပေါက်မှန်တယ်ဆိုပဲ"

"အေးပြီးတော့လက်မောင်းရင်းရော ဒါတောင်ဖမ်းနိုင်ခဲ့တယ်တဲ့တော့"

အဲ့စကားတွေက build နားထဲနောက်ဆုံးကြားတဲ့စကားတွေပဲ။နားတွေထဲလဲအူပြီး ဘာလုပ်လို့ဘာကိုင်ရမလဲမသိ။ ရင်ထဲကအပူကလဲ
တစ်ကိုယ်လုံးကိုတောက်လောင်စေတယ်။
မျက်ရည်ပူတွေကတသွင်သွင်စီးနေပေမယ့်
ရင်ထဲကအပူတွေကမျက်ရည်နဲ့အတူတစ်စက်မှရောပါမသွား။

"ဘွား bui... Bui.. "

"နန်းတော်ကိုလိုက်သွားချည်ပါလားကလေးရယ်"

ထိုမှသာအသိ၀င်လာပြီးနန်းတော်ဆိုကြောက်ကန် ကန်ငြင်းတဲ့လူတစ်ယောက်ခုချိန်မှာတော့မဖြေနိုင်မဆည်နိုင်
မရှူနိုင် မကယ်နိုင် အူယားဖားယားနဲ့ပြေးသွားတော့သည်။
အာဘွားအိုကတော့သက်ပြင်းတချချနှင့်။

_______
အရှင့်ကိုတွေ့ချင်လှပြီ။ဒဏ်ရာရထားတာတဲ့လေ။ သူနေ့တိုင်းဆုတောင်းနေတဲ့ဆုကိုဘုရားသခင်ကမျက်ကွယ်ပြုသည်နဲ့တူပါတယ်။ အရှင်ကဒဏ်ရာရသည်တဲ့။
လမ်းတစ်လျှောက်လုံးမနားပဲတောက်လျှောက်ပြေးလာခဲ့ပေမယ့်မျက်ရည်တွေကမစဲတာကြောင့် မြင်ကွင်းတွေက၀ေ၀ေ၀ါး၀ါး။

သတိလက်လွတ်နဲ့နန်းတွင်းထဲ ကမူးကရှူး၀င်ရင်းလက်ကောက်၀တ်ကိုခပ်ကြမ်းကြမ်း
ဆောင့်ဆွဲခံရတော့မှ အသိထပ်၀င်သည်။

"နန်းတွင်းထဲကိုလက်လွတ်စပယ် ၀င်လို့ရမယ်မြန်းထင်နေလား! "

အစောင့်၂ယောက်ကလက်တွေကိုတစ်ဖက်ဆီဆွဲကာနန်းတွင်းထဲလှမ်းပြီးသားခြေလှမ်းတွေကို ပြန်ဆွဲထုတ်သွားသည်။

"ကျွန်တော်အရှင် Bible နဲ့တွေ့ဖို့လာတာပါတွေ့ခွင့်ပေးပါ" ခခယယတောင်းဆိုလိုက်ပေမယ့်
အစောင့်တွေကခနဲ့ပြုံးသာပြုံးပြီးလွှတ်မပေး။

"မင်းသားငယ်နဲ့လဲသိပါတယ် ၀င်ခွင့်ပေးပါ တောင်းပန်ပါတယ် အရေးကြီးလို့ပါ"လို့ပြောတော့တဟားဟားအော်ရီကြလာကြသည်။ ဟုတ်သည်လေသာမာန်ကာလျှံကာ အင်္ကျီအနွမ်းလေးနဲ့ ပန်းပဲသမားက မင်းသားငယ်တို့အရှင်တို့နဲ့ ရင်းနှီးကျွမ်း၀င်သည်ဆိုတာက ဘယ်လိုမှယုံနိုင်ဖွယ်မရှိ။

This is How Mr. English Hunt My Heart(completed) Where stories live. Discover now