Part - 1

3.3K 205 11
                                    

"ယူဂျင်း သားလေးထတော့လေ ပထမဆုံးကျောင်းတက်ရက်ကို နောက်ကျခံတော့မလို့လား"

အပြင်ဘက်မှ မေမေ့နှိုးသံကြောင့် နာရီကြည့်လိုက်တော့မှ

"ဟ အကြီးအကျယ်နောက်ကျပြီ ဟန်ယူဂျင်း ရ "

ရေချိုးခန်းထဲအမြန်ဝင်ပြီး ကမန်းကတန်းပြင်ဆင်လိုက်ကာ အဝတ်ဗီရို ဖွင့်လိုက်ပြီး

"အာ ဘာဝတ်သွားရမလဲ အာ ပထမဆုံးရက်မှာ သပ်"ရပ်"လေးဖြစ်နေရမှာကို အချိန်လဲနည်းနေပြီ"

‌ရှည်"ဝေး"စဉ်းစားမနေတော့ပဲ oversized shirt အဖြူလေးတစ်ထည် နဲ့ ဂျင်းဘောင်းဘီအပွ တစ်ထည်သာကောက်ဝတ်လိုက်တော့တယ် ကိုယ့်ပုံရိပ်ကိုယ် မှန်ထဲကြည့်ပြီး

"ဝိုး ဟန်ယူဂျင်း က ဘယ်လို‌ဝတ်ဝတ် ချောပြီးသားပဲ ချစ်ဖို့ကောင်းလိုက်တဲ့ ငါလေး"

ကိုယ့်ကိုကိုယ် ဂုဏ်ယူစွာပြောလိုက်တယ်

"ယူဂျင်း ရေ နောက်ကျနေပြီနော်"

"ဗျာ! ဟုတ် မေမေသားလာပြီ"

နောက်မှပဲချောတော့မယ် လောလောဆယ်နောက်မကျဖို့အရေးကြီးတယ်

"သား မနက်စာ စားသွားဦးလေ"

"ရတယ် မေမေ သားမစားတော့ဘူး နောက်ကျနေမှာစိုးလို့"

"နောက်ကကျနေပြီးပြီပဲဟာ စားသွားလိုက်ပါကျောင်းရောက်မှ ဆာနေမယ်"

"ရတယ် မေမေ အဲ့ကျမှ တစ်ခုခုဝယ်စားလိုက်မယ်"

"ပြီးတာပါပဲ တစ်ခုခုဝယ်စားဖြစ်အောင်စားနော်"

"ဟုတ်ဟုတ် ဖေဖေသားကျောင်းသွားလိုက်ပါဦးမယ်"

"ဖေဖေလိုက်ပို့မယ်လေ ခ‌နစောင့်"

"ရတယ် ဖေဖေ သား ဂျီဝွန်း ဟျောင်းနဲ့ချိန်းထားလို့"

"ဂျီဝွန်း လေးလာခေါ်မယ်တဲ့လား"

"ဟင့်အင်း ဂျီဝွန်းဟျောင်းက ကားဂိတ်မှာ စောင့်နေမယ်တဲ့"

"ကားဂိတ်ထိလိုက်ပို့ရမလား"

"ရပါတယ်ဆို ဖေဖေကလဲ သားဘာသာသွားမယ်"

"အော် အေးအေး"

"မေမေ သားသွားတော့မယ်နော်"

"ဟုတ်ပြီ ဂျီဝွန်း တော့စောင့်နေတော့မှာ သေချာလဲဂရုစိုက်သွားဦး "

Don't want to admit that [Complete]Where stories live. Discover now