Finale part

1.5K 170 22
                                    

ဂယူဘင်း ညနေကျောင်းဆင်းတာနဲ့ ယူဂျင်းကိုစောင့်နေတာ နေ့စဉ်လုပ်ငန်းစဉ်တစ်ခုလိုဖြစ်နေပြီ ဒီနေ့လဲသူစောင့်ရမယ် ဒီနေ့ကတော့ ယူဂျင်းကို သူရှင်းပြရတော့မယ့် ကိစ္စတွေရှိလာပြီ

ဂယူဘင်း ယူဂျင်းကို စောင့်နေတုန်းမှာ သူ့ရှေ့ကိုပိတ်ရပ်လာတာ ကားအနက်တစ်စီး ဘယ်သူ့ကားလဲဆိုတာ ဂယူဘင်း သေချာသိတာပေါ့

"ကားပေါ်တက် ဂယူဘင်း"

"ဘာကိစ္စ"

"ငါမင်းကို ကားပေါ်တက်လို့ပြောနေတယ်နော် ကင်မ်ဂယူဘင်း"

"ဘာကိစ္စတက်ရမှာလဲလို့ မေးတော့ပြန်ဖြေလား "

"မင်းမတက်ရင် မတက်တက်အောင်ငါလုပ်ရလိမ့်မယ်နော်"

"ဘာတုန်း ဆေးမှားစားထားမိတာလား အရင်က ကျတော့်အကြောင်း စိတ်တောင်မဝင်စားတဲ့ အဖေ က ဘာလို့ရုတ်တရက်ကြီး ဘာလုပ်နေတာလဲ"

"ရှည်"ဝေး" ပြောစရာအကြောင်းမရှိဘူး အတွင်းရေးမှူးဂန်း သူ့‌ကို ကားပေါ်တင်လိုက်"

"ခဗျားတို့ ကျတော့်ကိုထိရဲထိကြည့်နော်"

"တောင်းပန်ပါတယ် သခင်လေး"

"ရားးး လွှတ် ကျတော် လူစောင့်နေတာလို့"

စကားတောင်မဆုံးလိုက်သေး ကားပေါ်ပါသွားတဲ့ဂယူဘင်း

"မောင်းတော့"

"အဖေဘာဖြစ်နေတာလဲ"

"အိမ်ရောက်မှ ရှင်းကြတာပေါ့"

ဂယူဘင်း ဒီအခြေအနေမှာ ဘာလုပ်နိုင်ဦးမှာလဲ တိတ်တဆိတ်လိုက်သွားရုံမှတစ်ပါး ဂယူဘင်း စိတ်ထဲမှာတော့

*ယူဂျင်း ငါ့ကိုရှာနေတော့မှာပဲ*

အိမ်ရောက်တော့ မဆင်းချင်ဆင်းချင်နဲ့ အိမ်ထဲကိုဝင်လာတဲ့ ဂယူဘင်း

"ကင်မ်ဂယူဘင်း မင်းအခုဘာတွေလုပ်နေတာလဲ"

"ကျတော် ဘာလုပ်လို့လဲ ပြီးတော့ လုပ်ရင်တောင် အဖေနဲ့ဘာဆိုင်လဲ"

"မင်း ကျောင်းက ဂျူနီယာကောင်လေးနဲ့ ဘာတွေလဲ"

ယူဂျင်းအကြောင်းကို အဖေကဘယ်လိုသိသွားရတာလဲ ဟိုမိန်းမလက်ချက်ဖြစ်မှာပဲ ‌

Don't want to admit that [Complete]Onde as histórias ganham vida. Descobre agora