အချပ်ပို❄️

303 37 2
                                    

"ယူဂျင်းရေ Marry Christmas ⛄"

"မင်းမေကြီးတော်ကို marry christmas"

ယူဂျင်းဆိုဖာပေါ်မှ ခေါင်းအုံးကို ဂယူဘင်း‌ဆီ ပစ်ပေါက်လိုက်လေရဲ့

"ဟီး ကိုကို့ကလေးလေးစိတ်ဆိုးနေတာလား"

"ခဗျားကို ကျတော်မသတ်မိခင် သွားလိုက်တော့နော် 27 ရက်နေ့ရောက်နေပြီ ဘောကို Christmas"

ယူဂျင်းစကားအဆုံး သွားဖြဲကာရယ်ပြနေသူမှာ ဂယူဘင်း‌ပင်

အကြောင်းက ဒီလို

ဂယူဘင်းက သူငယ်ချင်းတွေနဲ့ ခရီးထွက်သွားတာ 23ရက်နေ့က ယူဂျင်းကို 25 ရက်နေ့ရောက်အောင်ပြန်လာပြီး အတူတူလျှောက်လည်မယ်ဆိုပြီး ကတိပေးခဲ့တာပေါ့  ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောက်တဲ့ရက်က 26 ရက်နေ့ညတဲ့လေ အဲ့မှာ ပြဿနာက စတာပဲ

"27 ရက်နေ့လဲ အရမ်းနောက်မကျသေးပါဘူး ယူဂျင်းရဲ့ ကိုကိုတို့လျှောက်လည်လို့ ရသေးတယ်လေ"

"တော်စမ်းပါဗျာ ထွက်သွား"

"ကလေးလေးကလဲ ကိုကိုနဲ့ဒိတ်ကြမယ်လေ"

"ထွက်သွား!!"

ယူဂျင်းအော်သံကြောင့် ဂယူဘင်း တုန်ပါ တုန်သွားတယ်

အဲ့အချိန် ဂျီအွန်းက ဆင်းလာပြီး

"ဝိုး ဂယူဘင်း ဘာလဲချော့နေရပြီလား fighting ယောက်ဖ"

"ဟဲ ‌fighting ပါဗျာ"

ယူဂျင်း၏ မျက်စောင်းသည် ဂယူဘင်းဆီ ထင်းခနဲရောက်သွားလေ၏

"ဝိုး ကိုကို့ကလေးလေးက မျက်စောင်းထိုးတာတောင် လှလှလေး‌ ကြည့်ရန်း"

"ခွီး"

ရယ်သံသည် ဂျီအွန်းထံမှ ထွက်လာခြင်းသာ

"ဘာလို့လာရယ်နေတာတုန်း"

"မရယ်တော့ဘူ မရယ်တော့ဘူး ဟျောင်းသွားပြီ ဆက်ချော့ ဂယူဘင်း"

လို့သာပြောပြီး ဂျီအွန်း အပေါ်ဝတ်ယူပြီး အပြင်သို့ထွက်သွားလေတယ် သေချာတာက သူ့ တစ်ယောက်သောသူနဲ့ ဒိတ်ကြမှာပေါ့

ဂျီအွန်းထက်အရေးကြီးသည်ကား ယူဂျင်းပင် ယူဂျင်းသည် ဂယူ့အား လုံးဝစိတ်ပြေဖို့ အလားအလာမရှိ

Don't want to admit that [Complete]Where stories live. Discover now