Extra part

1.6K 145 6
                                    

ကျောင်းရဲ့ ဂျောင်ကျတဲ့နေရာလေးမှာ တိတ်ဆိတ်နေတဲ့ လူလေးယောက် တစ်ယောက်ကတော့ မျက်နှာငယ်လေးနဲ့ နောက်တစ်ယောက်တော့ ဒေါသထွက်နေလေရဲ့   နှစ်ယောက်ကတော့ မျက်လုံးကလေးပြာကလည်ပြာကလည်နဲ့

"ဟန်ယူဂျင်း မင်းပြောစမ်း မင်း ကင်မ်ဂယူဘင်း နဲ့တွဲနေတာအမှန်ပဲလား"

ယူဂျင်း လန့်နေတာအမှန်ပါ ဂျီဝွန်းဟျောင်းက သူ့ကိုတစ်ခါမှ မင်း လို့တောင်သုံးဖူးတာမဟုတ်ဘူး

"ဟုတ်ကဲ့ ကျတော်နဲ့ ယူဂျင်းနဲ့က တွဲနေတာပါ"

"မင်း"

ယူဂျင်းဘာမှမပြောရသေးခင် ဝင်ပြောတဲ့ ကိုကို့ကြောင့် ဂျီဝွန်းဟျောင်း ပိုဒေါသထွက်လာတဲ့ပုံ

"ဟျောင်း ကျတော်ရှင်းပြပါမယ်"

"ဘာရှင်းပြမှာလဲ မင်းရူးများသွားတာလား ဟန်ယူဂျင်း"

"ဂျီဝွန်းဟျောင်း ကလေးကို အေးဆေးပြောပါ"

ဂျောင်ဝူဟျောင်းက ယူဂျင်းတို့ဘက်က ပြောပေးရှာပါတယ်

"ဘာကို အေးဆေးလဲ အခြားသူနဲ့ဆိုတောင် လက်ခံနိုင်သေးတယ် အခုဟာက"

"ကျတော်မလို့ လက်မခံနိုင်တာလား"

"ဟုတ်တယ် မင်းမလို့ကို မင်းလိုမျိုးထင်ရာစိုင်းတဲ့ကောင်နဲ့မလို့ ငါ့ညီကို သဘောမတူနိုင်ဘူး"

"ကျတော်ပြောင်းလဲပါ့မယ် အခုလဲပြောင်းလဲနေပါတယ် ပြီးတော့ ကျတော် ယူဂျင်းကိုတစ်ကယ်ချစ်တာပါ"

"မင်းလိုကောင်ပါးစပ်ကထွက်တဲ့ ချစ်တယ် ဆိုတာကို ယုံရလောက်တဲ့အထိငါမတုံးသေးဘူး"

ဂယူဘင်း နဲ့ ဂျီဝွန်းရဲ့ရန်ပွဲမှာ ယူဂျင်း နဲ့ ဂျောင်ဝူက ဘေးလူသာသာ

"ကျတော်ဘယ်လိုလုပ်ရင် ဟျောင်းယုံကြည်ပေးမလဲ"

"ဟျောင်း ကိုကို အယ် မဟုတ်ဘူး ဂယူဘင်းဟျောင်းက အများကြီးပြောင်းလဲလာပါတယ်"

ဂျီဝွန်းအဲ့တာကိုတော့ လက်ခံချင်ပါတယ် ကင်မ်ဂယူဘင်း ဒီတစ်လောအများကြီးပြောင်းလဲသွားတယ် အချိန်ပြည့် ယူဂျင်းနားကပ်နေပြီးတော့ အဲ့တာကြောင့်ပဲ သူတို့အကြောင်း ဂျီဝွန်းသိခဲ့ရတာပေါ့

Don't want to admit that [Complete]Where stories live. Discover now