Part - 3

1.3K 166 7
                                    

ယူဂျင်း အိမ်ကိုသာခြေကုန်သုတ်ပြန်လာလိုက်တယ် ကင်မ်ဂယူဘင်းပြောတဲ့ စကားတွေလဲ သူမကြားရတော့ပါ သေချာတာကတော့ သူနားရွက်တွေနီနေလောက်ပြီဆိုတာပဲ

"ယူဂျင်း ပြန်ရောက်ပြီလား ဟယ် သားနားရွက်ကဘာဖြစ်လာတာလဲ"

မေမေပြောတာကိုလဲ သူနားထဲမရောက်တော့ပါ အခန်းထဲမြန်"ရောက်ဖို့ပဲသိတော့တယ်

"ဟဲ့ ယူဂျင်း ဟော်တော် အဲ့ကလေးဘာဖြစ်လာတာတုန်း"

"ဘာဖြစ်လို့တုန်း မေကြီးရဲ့"

"ယူဂျင်းပေါ့ စတိုးဆိုင်သွားပြီးဘာဖြစ်လာတာလဲမသိဘူး"

"သားလဲ အရွယ်ရောက်နေပါပြီ သူ့ကိစ္စနဲ့သူရှိမှာပေါ့"

ယူဂျင်းမေမေကတော့ ‌မျက်မှောင်တစ်ကြုတ်ကြုတ်ရယ်

"အဲ့ကောင်လေး ရည်းစားများရနေတာလား"

ယူဂျင်းအခန်းထဲရောက်"ချင်း နှလုံးခုန်သံကိုစမ်းလိုက်မိတယ်

"ဘာလို့ အရမ်းခုန်နေရတာလဲ  ဟန်ယူဂျင်း သတိနဲ့နေစမ်း"

ဂယူဘင်း သုံးသွားတဲ့ *ကိုကို* ဆိုတဲ့နာမ်စားကြောင့် နှလူံးခုန်မြန်နေတာဆိုရင်လဲ မမှားနိုင်ဘူးမလား

"ကိုကို တဲ့လား နားဝင်တော့ချိုသားပဲ အဲ့တာကြောင့် လူတွေက ကင်မ်ဂယူဘင်းကို စွဲလမ်းနေကြတာလား တော်စမ်း ဟန်ယူဂျင်းစိတ်ထိန်းစမ်း"

သူ့ကိုယ်သူ သတိပေးလိုက်ပြီး အိပ်ဖို့သာပြင်လိုက်တယ် ယူဂျင်းစာလဲမလုပ်နိုင်တော့ပါ စိတ်နဲ့လူနဲ့တောင်မကပ်တော့ဘူး

ဂယူဘင်း ‌ရှက်ယမ်းမယ်းပြီး ပြေးထွက်သွားတဲ့ ကောင်လေးကို ကြည့်ပြီး အူယားနေတာအမှန်ပါပဲ

"ပြန်ရောက်ပြီလား စောတယ်နော်"

"ဒီလိုပါပဲ"

"ပျော်စရာကိစ္စလေးများရှိလာတာလား"

"ခဗျားနဲ့မဆိုင်ဘူးလို့ထင်တယ်"

ဂယူဘင်း ပျော်‌နေရင်တောင် မိထွေးမျက်နှာကိုမြင်လိုက်ရင် အလိုလိုစိတ်ရှုပ်လာတယ်

"စိတ်ရှုပ်စရာပဲ ယူဂျင်းအကြောင်းတွေးနေတာကမှ ဟုတ်ရင်ဟုတ်ဦးမယ်"

Don't want to admit that [Complete]Where stories live. Discover now