💢1💢

2.3K 152 11
                                    

Zawgyi

----------------------


****ကျွန်တော် အကြွေးရှင် ***

Yizhan Fan Fic 💛

----------------------------------------------

"ဟာ...ရှောင်ကျန့် မင်းကွာ...."

ကျန်းချန် မယုံနိုင်စွာ ရေရွတ်မိသည်။

"ဟျောင့် အခုမှ မင်းကွာတွေလုပ်မနေနဲ့! ။ရော့ သိန်း 60 ယူသွား!"

ရှောင်ကျန့် ပေးသော ပိုက်ဆံကို ပြန်တွန်းပေးလိုက်ရင်း

"ပြန်ပေးလိုက်ကွာ... ငါတို့မလိုဘူး ဟျောင့် ။မင်း ဝမ်သခင်ကို ဘယ်လိုလူမျိုးထင်နေတာလဲ?။ မင်း... မလွယ်ဘူးနော် ။ဟျောင့် ပြန်သွားပေးလိုက်သွားး!"

ရှောင်ကျန့် အရစ်ရှည် နေတယ့် ကျန်းချန် ကြောင့်

"အေး မင်းပဲ ဝမ်သခင်ဘယ်လိုလူမျိုးမှန်း သိပ်သိနေတယ်မလား? ။ ယူပြီးရင် နှစ်ဆပြန်ပေးရတယ်! ။ မင်းပေး ငါကိုပေးလေ ဟျောင့်! လိုတယ် နောက်ထပ် သိန်း 60 မင်းပေးမလား ဟေ့ကောင် ဟမ်!"

"အဲ့တာကို မင်း ချီးမို့ ချီးလာတာလား ဟ! ။ သွားပါပြီ ကွာ...ဟာ..."

ကျန်းချန် စိတ်ရူပ်စွာ အရူးလို ကိုယ့်ဆံပင်ကိုယ် ဆောင့်ဆွဲနေမိသည်။ နာရမယ် မှန်းလည်းမသိတော့ပေ။

"ရော့ ယူသွားလိုက်!"

"မင်း..."

"ကျဲ (အမ) ကို ဒီတိုင်းထားမို့လား?။ ကျဲ က..... "

ရှောင်ကျန့် ရှေ့ရှိ ပိုက်ဆံထုတ်ကို ပုတ်လိုက်ပြီး

"ဟောဒီ ပိုက်ဆံသာရှိရင် ကျဲအသက်ရှင်ပြီး!
မင်း ကျဲသေမှာကြည့်ရက်လို့လား? ။ ငါတို့ လုပ်နိင်နေနိင်ရဲ့သားနဲ့ အလကားသက်သက် ကျဲကို သေခိုင်းနေမို့လား ဟမ်?!"

ရှောင်ကျန့် ဒေါသထွက်စွာ လေသံခပ်ကျယ်ကျယ့်ဖြင့်အော်ပြောလိုက်သည်။

"အဲ့တာ က အဲ့တာ ပေါ့ကွာ ။ ဒါပေမယ့် မင်း..မင်း..ဝမ်သခင်က ပတ်သတ်သင့်တယ့်လူမဟုတ်ဘူးကွ!"

ရှောင်ကျန့် မျက်စိကိုမှိတ်၍ စိတ်ကို ခဏငြိမ်အောင် လျော့ချလိုက်ပြီး.... လေသံအေးဖြင့်

"ယူသွားလိုက် ။ ငါက အေးဆေး ။ သိတယ်မလား ငါရှောင်ကျန့်ပါကွာ... စိစဉ်ထားတာမရှိပဲနဲ့ ငါမလုပ်ဘူး ။ ပြီးတော့..."

                  🖤Where stories live. Discover now