💢12💢

600 71 4
                                    




Zawgyi _


_____



ကျွန်တော်❤💚 အကြွေးရှင်❤💚

eP- 12 ❤💚

-----------------

" ရောက်ပြီလား? "

ရှောင်ကျန့် ရပ်သွားသော ကားကြောင့် မေးလိုက်သည်။

" ရှေ့က ကားဆက်ဝင်လို့မရတော့လို့! ။ ကျွန်တော်တို့ ဒီက ပဲ လမ်းလျှောက်ပြီး ဆက်သွားရမှာပါ သခင်လေး "

ကျင်းလင် ရှောင်ကျန့် အမေးအား ဖြေလိုက်သည်။

" အာ..အဆို သွားမယ်လေ "

ရှောင်ကျန့် ထိုင်ခုံခါးပတ်အား ဖြုတ်လိုက်ရင်း ပြောလိုက်သည်။

" မဝေးပါဘူး ။ ဒီရှေ့ကွေ့လေးတင်ပါ "

ကျင်းလင် ပြောလိုက်သည်။

" အင်း "

...........

" ကိုကို ခင်ဗျား ဆေးသောက်ရမယ်လေ ဗျာ ~"

ဖြူနုနေကာ သေးသေးကွေးကွေးလေးနှင့် ချစ်စဖွယ်ကောင်ငယ်လေးသည် ခေါင်း၌ ပတ်တီး အထပ်ထပ် ပတ်ထားသော လူရွယ်အား ချော့ကာ ပြောနေလေသည်။

ထို မြင်ကွင်းသည် စောက်ရမ်းတွေ ချိုမြိန်နေပုံရသော်လည်း ရှောင်ကျန့်အတွက်ကတော့ ရင်ဝကို စောင့်ကန်လိုက်သလိုပင် ။

အလကားလူကြီး ချစ်စရာ အကောင်သေးလေးတွေ တွေ့တာနဲ့ပါသွားတယ့် တနာရူး ၊ တနာဂိုထောင်ကြီး!!!

တောက်စ်!!!

ရှောင်ကျန့် ပြေးထွက်သွားတော့သည် ။

" သခင်လေး အယ်..."

ကျင်းလင် ထွက်သွားတယ့် သခင်လေးကြောင့် စိတ်ထိခိုက်သွားသည့်အထင်နှင့် လှမ်းခေါ်ဖို့ပြင်လိုက်သော်လည်း လက်ထဲ အုတ်နီခဲကြီးနှင့် ပြန်ပြေးလာသော သခင်လေးကြောင့် ကြောင်အနေမိသည်။

" ဒုတ်!"

"အ့!"

...............

" ခင်ဗျား မဆင်မခြင်လုပ်လိုက်တာပဲ!! ။ ကိုကို က နေမကောင်းသေးတယ့်ဟာကို ခင်ဗျား...ဟင့် ကိုကိုက နဂိုထဲက ခေါင်းထိခိုက်ထားတာကို ဟင့်ဟင့် "

                  🖤Where stories live. Discover now