💢13💢

816 73 14
                                    




Zawgyi _







_______________











ကျွန်တော် အကြွေးရှင် >>❤💚

eP- 13✔



----------



" သခင်လေး... "

ကျင်းလင် အံတကြိတ်ကြိတ်ဖြစ်နေသော ရှောင်ကျန့်အား စိုးရိမ်သံစွတ်ကာ ခေါ်လိုက်သည်။

ကျင်းလင် အနေနှင့် ရှောင်ကျန့်အပေါ် သံယောဇဉ် ရှိလေသည်။ ဒီလတွေ အတူနေထိုင်ခဲ့ကြသည်မို့ သူ့ဒုတိယ သခင်အဖြစ်သတ်မှတ်ထားသည်ပင်မကြာသေးပေ။ အခုသခင်အခြေအနေကလည်း သူအနေနှင့် ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သခင်လေးက အပြင်ပန်းက အခုလိုဖြစ်နေသော်လည်း စိတ်ထဲ၌ အနည်းငယ်ဝမ်းနည်းနေမည်ကိုသူသိလေသည်။

" ဟင့် ခင်ဗျားကို ကိုကိုက တွေ့မယ် တယ့် ဟင့်ဟင့် "

ခုနက ကောင်စုတ်လေးထွက်လာပြီး သူကိုပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်ကျန့် မျက်နှထားတင်းတင်း ဖြင့် ဝင်သွားခဲ့သည်။

ဝမ်ရိပေါ်! .....

ကျင်းလင် ကတော့ ဝင်သွားသော ရှောင်ကျန့်အားကြည့်၍ ခေါင်းခါလိုက်ကာ သခင်အကောင်းတိုင်း ရှိပါစေပဲ ဆုတောင်းရတော့သည်။


-------

" ခင်ဗျား လက်ကျိုးနေတာလား?!"

ရှောင်ကျန့် ရွဲ့ကာ ပြောလိုက်သည်။

ရှောင်ကျန့်ရဲ့စကားကြောင့် ရိပေါ်သူကို အသီး ခွံကျွေးနေတယ့် ကောင်ငယ်လေးကို ခဏဖယ်ခိုင်းလိုက်ကာ

" မင်းအနေနဲ့ ငါကို လေးစားမူရှိပါ "

ဆိုကာ တည်ငြိမ်သော မျက်နှာဖြင့် ပြောလိုက်သည်။

" သေလေ!"

ရိပေါ်စကား ဆုံးတာနဲ့ ရှောင်ကျန့် ချက်ချင်းပြန်ပြောလိုက်သည်။

"မင်း အ့!"

ရိပေါ် ဒေါသဖြင့် အမြန်ထလိုက်ခြင်းကြောင့် ခေါင်းက မိုက်ခနဲ ဖြစ်သွားပြီး ထို သူ၏ ကြင်သူဆိုတယ့် ကောင်လေး မစာမနာ ရိုက်ချက်ကြောင့် ပေါက်သွားသည့် ခေါင်းမှအနာသည် ပြန်နာလာသည်။

                  🖤Where stories live. Discover now